Time မဂ္ဂဇင်း ရဲ့ သြဇာ အရှိဆုံး အယောက် ၁၀၀ စာရင်း မှာ မြန်မာ စစ်ခေါင်းဆောင် လည်းပါ၀င်

၂၀၂၃ ခုနှစ် ရဲ့ သြဇာ လွှမ်းမိုး မှု အရှိဆုံး အယောက် ၁၀၀ မှာ မြန်မာ စစ် ခေါင်း ဆောင် ဗိုလ်ချုပ် မှူးကြီး မင်း အောင်လှိုင် လဲ ပါဝင် တယ် လို့ ဒီတစ် ပတ် သေကြာ နေ . ထုတ် တိုင်း (မ်) မဂ္ဂဇင်း ကြီး မှာ အကျယ်တဝင့် ရောင်စုံ ဓာတ်ပုံ တွေ သုံး ကာ ဖော် ပြထား တာ ကို Freedom News က နေ တွေ့ ရှိရပါတယ်။

နိုင်ငံ တကာ က သြဇာ အာဏာ အရှိဆုံး သူ တစ် ရာ ကို ကဏ္ဍ ငါး ခု ခွဲ ပြီး ဖော် ပြထား ရာမှာ ၂၀၂၁ ဖေဖော် ဝါရီလ ၁ ရက် နေ့ အာဏာ သိမ်း ပွဲ ကို ဦး ဆောင် ခဲ့ တဲ့ ဗိုလ်ချုပ် မှူးကြီး မင်း အောင်လှိုင် က ခေါင်းဆောင် (Leader) ဆိုတဲ့ ကဏ္ဍ မှာ ပါဝင် တာ ဖြစ် ပါ တယ်။

အာဏာသိမ်း မြန်မာ စစ် ခေါင်း ဆောင် ဟာ ယူကရိန်း သမ္မတ က တော် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်၊ အမေရိကန် ဘဏ္ဍာ ရေး ဝန်ကြီး ဂျဲနက် ယဲလန် တို့ နဲ့ အတူ ယှဉ် တွဲ ဖော် ပြ ခံ ရ တာ ဖြစ် ပါတယ်။

ဂျပန် သမ္မတ ကီရှီးဒါး၊ Rohde Island ပြည်နယ် ရဲ့ ပထမ ဦးဆုံး အမျိုး သမီး အုပ်ချုပ် ရေး မူး၊ သမ္မတ ရွေးကောက် ပွဲ ဝင်ခဲ့ တဲ့ လွတ်တော် အမတ် ဂျွန် မက်ကိန်း ရဲ့ ဇနီး ဆင်ဒီ မက်ကိန်း တို့ လဲ မြန်မာ စစ် ခေါင်း ဆောင် နဲ့ အတူ ပူးတွဲ အဖော် ပြ ခံ ခဲ့ ရပါတယ်။

Senior General Min Aung Hlaing (left) and NLD leader Aung San Suu Kyi before a meeting in Naypyidaw on Dec 2, 2015. PHOTO: AFP

အနုပညာ ရှင် တွေ ထဲ မှာ ဆို ဒရူး ဘယ်ရီမိုး၊ မင်းသမီး ချော ဆယ်(လ)မာ ဟိုင်ယက် တို့ လည်း ပါဝင် ပါတယ်။

လက်ရုံး၊ နှလုံး စွမ်းပကား ထက်သူ Titans စာရင်း မှာ တော့ အဆိုတော် ဘီယွန် (စ) တက်စလာ၊ တွစ်တာ နဲ့ Space X ပိုင်ရှင် အီလွန် မာစ်၊ အဲပဲလ် ကွန်ပျူ တာ နဲ့ အိုင်ဖုန်းကို ထွင် ခဲ့ သူ စတိဗ် ဂျော. ရဲ့ ဇနီး လော်ရင်း ပါဝဲလ် ဂျော့ဘ် တို့ ပါဝင် ပါတယ်။

ထူးခြား တာ တစ်ခု က တော့ သြဇာ ကြီးသူ အယောက် ၁၀၀ အနက် ၉၉ ယောက် ရဲ့ အကြောင်း ကို သမ္မတ ကတော် ဂျေး ဘိုင်ဒင်၊ ဟီလာရီ ကလင်တန်၊ နန်စီ ပလိုစီ၊ ကနေ ဒါ ၀န်ကြီးချုပ်၊ ရှရွန် စတုံး၊ ရော်ဂျာ ဖယ်ဒရာ၊ တို့ လို ကမ္ဘာ ကျော် တွေ က ရွေးချယ် ကာ ဘာကြောင်. ရွေးရလဲ ဆိုတာ ကို ရေးသား ဖော်ပြ ထား ပေမယ့် မြန်မာ ဗိုလ်ချုပ် ကြီး ကို တော့ တိုင်း (မ) ရဲ့ တရုတ် နဲ့ အရှေ့ တောင် အာရှ ဗျူရို အကြီး အကဲ ချာလီ ကမ်ဘဲလ် က ရွေးချယ် ထား တာ ဖြစ် ပါတယ်။