ဆရာတော် ဦးအဂ္ဂဝံသ ရဲ့ နောက်ဆုံး အခြေ အနေ

ဆရာ တော် ဦး အဂ္ဂဝံသ ကို အဲဒီ ဘက် ကို ဖမ်း ဆီး ခေါ် သွား တာ ဒါမှ မဟုတ် ကျန်တဲ့ အလောင်း တွေ ကို မြစ်ထဲ ပစ် ချ ပြီး ဆရာ့ တော် အလောင်း ကို သာ အဲဒီ ဘက် ကို သယ် ဆောင် သွား တာ လို့

မြန်မာ စစ်တပ် က နေ အာဏာသိမ်း တဲ့ နေ့ ကတည်း က နေ နောက်ဆုံး အဆက် အသွယ် မရ တော့ တဲ့ အထိ စစ်အာဏာသိမ်း မှု ကို ဆန့် ကျင် ခဲ့ တဲ့ မန္တလေး တိုင်း ပြည်ကြီး တံခွန် ဆရာ တော် ဦး အဂ္ဂဝံသ ဟာ အသက်ရှင် လျက် ရှိနေ သေးလား၊ ဖမ်းဆီး ပြီး နောက် သတ်ဖြတ် တာ ကို ခံ လိုက် ရ သလား ဆိုတာ ကို Freedom News က ဆရာ တော် နဲ့ အနီးစပ် ဆုံး သူ တွေ အပြင် အကျဉ်း ထောင် တွေ ကို ပါ ဆက်သွယ် မေး မြန်း ခဲ့ ပါတယ်။

မန္တလေး၊ မုံရွာ နဲ့ ရွှေဘို အကျဉ်း ထောင် တွေ ဆီကို ဆရာ တော် ရောက် ရှိ မလာ ဘူး လို့ အကျဉ်းဦးစီး ၀န်ထမ်း တွေ ဆီက နေ တစ်ဆင့် သိရပါတယ်။

ဆရာတော် နောက်ဆုံး သီတင်း သုံး ခဲ့  တဲ့ မြင်းမူ မြို့ နယ် လက္ကပင် ကျေးရွာ ကို စစ်တပ် က စီးနင်း စဉ်က ဖမ်း ဆီး ထား သူ တွေ ထဲက လေးဦး ကို သတ်ဖြတ် ပစ် ခဲ့ ပါတယ်။ မြစ်ကမ်း ဘေး မှာ အသတ် ခံ လိုက် ရတဲ့  အဲဒီ လေး ဦး ထဲမှာ အမျိုး သမီး တစ် ဦး ပါဝင် ပြီး အဲဒီ လေး ဦး ဟာ ဘယ်သူ ဘယ်ဝါ တွေလဲ ဆရာ တော် လည်း ပါဝင် သလား ဆိုတာ ကို တော့ ဘယ် သူ မှ သေသေ ချာချာ မသိ ကြပါဘူး။

မတ်လ ၅ ရက် အာရုံ တက် မှာ စီးနင်း ပြီး ညနေ ပိုင်း မှာ ညနေပိုင်း မှာ ဘုန်ကြီးကျောင်း ဝင်း ထဲက နေ ပြန်လွတ် ပေး ပြီး တဲ့ နောက်မှာ ဆရာတော် ရဲ့ နောက်ဆုံး အခြေ အနေ ကို ဖမ်း ဆီး လိုက်တဲ့ စစ်တပ် က လွဲ ပြီး ဘယ်သူ မှ အသေအချာ မသိရ တော့ ဘူး လို့ လက္ကပင် ရွာ သား တစ်ဦး က  ကို ပြောပါတယ်။

Freedom News ရဲ့ ထပ်မံ စုံစမ်း ချက် အရ ဆရာတော် ကို စစ်ကိုင်း မြို့ ရွာသစ် ကြီး အနီး က စ စစ် တပ်ဝန်း တစ် ခု တည်း မှာ ဖမ်း ဆီး ထား တယ်လို့ မြင်းမူ မြို့ နယ် က အ မည် မဖော် လို သူ တစ်ဦး က ပြောပါတယ်။

ဒါပေမယ့် Freedom News က ဒီသတင်း ကို ရာနှုန်း ပြည့် အတည် ဖြစ် တယ် လို့  တော့ သတ်မှတ် ခြင်း မရှိဘဲ ဆရာ တော် ဦး အဂ္ဂိံသ ကို အဲဒီ ဘက် ကို ဖမ်း ဆီး ခေါ် သွား တာ ဒါမှ မဟုတ် ကျန်တဲ့ အလောင်း တွေ ကို မြစ်ထဲ ပစ် ချ ပြီး ဆရာ့ တော် အလောင်း ကို သာ အဲဒီ ဘက် ကို သယ် ဆောင် သွား တာ လို့ ပဲ တထစ် ချ မဟုတ် ပဲ အတည် ပြု ထား ပါတယ်။