စွယ်တော် ရောက်ရှိ ချိန် နေပြည်တော် လုံခြုံရေး တင်းကျပ်

တရုတ်ပြည်သူ့  သမ္မတ နိုင်ငံ မှ  ဗုဒ္ဓမြတ်စွယ်တော် သည် ယမန်နေ့ က   မြန်မာနိုင်ငံ သို့ ၎ ကြိမ်မြောက်
အပူဇော်ခံ ရန် ဒေသစာရီ ကြွ ချီ လာ သည် ဟု FNG မှ သတင်း ရရှိ သည်။ စွယ်တော်သည် နေပြည်
တော် ရှိ ဥပ္ပသျှန္နိတ စေတီ တွင် ကိန်းဝပ် အပူ ဇော် ခံ မည် ဖြစ်သည်။တရုတ် ပြည်မှ ဗုဒ္ဓမြတ် စွယ် တော် အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ် တိုင် ခမ်းခမ်းနား
နားကြို ဆို သည် ဟု သိရသည်။ စွယ် တော် ရောက် ရှိ သည့် နေ့ မှ စပြီး နေ ပြည်တော် မြို့  နှင့် ဥပ္ပသျှန္နိတ
စေတီ တစ်ဝိုက် တွင် လုံခြုံရေး တင်းကျပ် ထား သည်။

နေပြည်တော် မြို့  အ၀င် လမ်းများ တွင် လည်း ရှာ ဖွေ စစ်ဆေး မှု များ ပြုလုပ် နေပြီး

မြန်မာ နိုင်ငံ သို့ ၁၉၉၄ ၊ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ် များ တွင်  စွယ်တော် ရောက်ရှိ ခဲ့ ပြီး ၁၉၉၅ ခုနှစ် ရောက်
ရှိ စဉ် က စွယ် တော် ကိန်းဝပ်ရာ ကမ္ဘာအေး လှိုဏ် ဂူ တွင် ဗုံးပေါက်ကွဲ ခဲ့ ပြီး ထိုစဉ် က အတွင်း ရေးမှု
၂ အဖြစ်တာ ၀န်ယူထား သူ ဗိုလ်ချုပ် တင်ဦး သည် ပေါက် ကွဲ မှု တွင် ထိခိုက် ဒဏ်ရာ ရရှိ မှု ရှိ ခဲ့ သည်။

၁၉၉၆ ခုနှစ် တွင်စွယ် တော် ရောက် ရှိ သည့် နေ့ မှာ ပင် ၁၉၉၆ ခုနှစ် ကျောင်းသား အရေး တော် ပုံ ဖြစ်
ခဲ့ သည်။

ယနေ့ ရောက် ရှိ လာသည့် စွယ် တော် သည် စက်တင်ဘာလ က ရပ်ဆိုင်း ခဲ့ သည့် မြစ်ဆုံ ဆည်ကြောင့်
တရုတ် – မြန်မာ ဆက်ဆံရေး အေးစက် နေ ချိန် တွင် ရောက် ရှိ လာခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ် စွယ်တော် အား သမ္မတ ဦးသိန်းစိန် ၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့် ဦး နှင့် အစိုးရ အဖွဲ့ 
ဝင် ၀န်ကြီး အချို့ သွားရောက် ဖူးမြော်ကြည် ညိုကြသည်။.

4 thoughts on “စွယ်တော် ရောက်ရှိ ချိန် နေပြည်တော် လုံခြုံရေး တင်းကျပ်”

  1. သာသနာကိုခုတုံးလုပ်တဲ့ မိစ္ဆာသိန်းစိန်နဲ့အပေါင်းပါတွေ ကျဆုံးပါစေ

  2. ဟုတ်ကဲ့ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာတွေဖြစ်သည်အားလျှော်စွာ ဘုရားရှင်၏စွယ်တော်ကိုတော့ အလွန်အင်မတန်မှကြည်ညိုမိပါတယ် ဒါပေမဲ့ တစ်ခုပြောချင်တာက တရုပ်တို့ရဲ့ ပရိယာယ်ပါပဲ သူတို့ရဲ့မြစ်ဆုံကိစ္စမှာ မြန်မာပြည်သူ ပြည်သားတွေက လှည်နေလှေအောင်း မြင်းစောင်းမကျန်ကန့်ကွက်ကြတော့ သူတို့အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးထိခိုက်သွားမှာကြောက်လို့ အခုလို ဆိုင်းမဆင့် ဗုံမဆင့်ရောက်ချလာတာလား ဘာလဲ တော်တော်လေးတော့ အံ့သြမိတယ် ဘာ့ကြောင့်လဲဆိုတော့ ဘာမှသတင်းကြိုတင်ပြင်ဆင်မှု့မရှိဘဲ ရောက်ချလာတာဆိုတော့ သို့လော သို့လော စဉ်းစားစရာတွေဖြစ်နေပါတယ် တရုတ်ဆိုတာ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ လူစားမျိုးပါ ဘာပဲဖြစ်ဖြစ် သူတို့အင်ပါယာကြီးထွားဘို့ သူတို့လူမျိုးနိုင်ငံအနှံ့အပြားမှာ ရောက်ရှိပြီး ကြီးပွားတိုးတက်ဘို့ ဒါလောက်ပဲ စိတ်အကြံရှိသူလို့ သတင်းတွေဖတ်ရှု့ပြီး ကောက်ချက်ချနိုင်ခဲ့ပါတယ် ဆိုတော့ အခုမြန်မာပြည်သူတွေရဲ့ တရုတ်ကိုမုန်းတီးနေတဲ့စိတ်ကို မြန်မာတွေဟာ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာကို ဗုဒ္ဓနဲ့ပြန်မြူဆွယ်ရမယ်ဆိုပြီးတော့များ ဆိုင်းမဆင့် ဗုံမဆင့်ရပါပဲ ကြွလာလေရော့သလား ……..သို့အတွက် ဘာပဲဖြစ်ဖြစ် ဘုရားရှင်၏စွယ်တော်ကိုတော့ အသက်ထက်ဆုံး ကြည်ညိုလေးစားပါတယ် ဒါပေမဲ့ ဘုရားတပည့်တော်တော့ မဖူးတော့ပါဘုရား……………ဘုရားကိုတောင်ခုတုန်းလုပ်တဲ့ သူတွေရဲ့ဘေးရန်မှ နောက်နောင်ကွာကွယ်စေချင်လို့ပါဘုရား……………………

Comments are closed.