V power သင်္ဘော ကြီး ပြန်လည် ထွက် ခွာ

ရန်ကုန်ဆိပ်ကမ်းသမိုင်းတွင် ပထမဦး ဆုံး အကြိမ် အဖြစ် လေယာဉ် တင် သင်္ဘော နှင့် တန် ချိန် ပဏာမ ညီမျှ သည့် တန် ချိန် ၁ သိန်းကျော် V power သင်္ဘော ကြီး သည် ပြန်လည် ထွက် ခွာ သွား ပြီ ဖြစ်သည်။

သီလဝါဆိပ် ကမ်း တွင် နှစ် နှစ် ကျော်ကြာ ရပ်နား ထား ပြီး နောက် ပြန်လည် ထွက်ခွာသွား သည့် ဟောင်ကောင် အခြေစိုက် V Power သင်္ဘော ကြီး သည် သဘာဝ ဓာတ်ငွေ့ မှ လျှပ်စစ် ထုတ်ယူနိုင် သည့် သင်္ဘောကြီး ဖြစ်ပြီး NLD အစိုးရလက် ထက် ရန်ကုန် နှင့် ဒေသ အချို့ တွင် လျှပ်စစ်မီး ရရှိရန် ရည်ရွယ် ၍ ဟောင်ကောင် ကုမ္ပဏီ နှင့် စာချုပ် ချုပ်ဆို ခဲ့ ခြင်း ဖြစ် သည်။

၂၀၂၀ ခုနှစ် ထဲတွင် ရန်ကုန် မြစ် ထဲသို့ ဝါရင့် ဟောင်ကောင် မာလိန်မှူးကြီး ၏ ဦးစီး မှု ဖြင့် ခက်ရာခက်ဆစ် ၀င်လာ ခဲ့ သည့် လျှပ်စစ် ဓာတ်အား ဖြန်ဖြူး ရေး သင်္ဘောကြီး သည် ၂၀၂၁ ခုနှစ် မတ်လ ဆန်း လောက် တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ် ခဲ့ ပြီး မှ စစ်တပ် ၏ အာ‌ဏာသိမ်းမှုကြောင့် နိဒါန်း မစခင် နိဂုံး ချုပ် ခဲ့ ရသည်။

တရုတ်အစိုးရပိုင် CNTIC (China National Technical Import and Export Corporation) နှင့် Hong Kong မှ VPower ကုမ္ပဏီတို့နှင့်အတူ ပြည်တွင်း မှ RGK+Z&A Group တို့ သည် ထိုစီမံကိန်း အတွက် မြန်မာ အစိုးရ (NLD) နှင့် စာချုပ်ချူပ် ဆိုကာ အတူတကွ အကောင် အထည် ဖော် ခဲ့ ခြင်း ဖြစ် သည်။

၂၀၂၀ ခုနှစ် ဇွန်လက သီလဝါ ရှိ အထူးဆိပ်ခံ တံတား လင်းပိုင် တွင် Tow Boat, Tug Boat တွန်းသင်္ဘော၊ ဆွဲ သင်္ဘော များ ၏ အကူ အညီ ဖြင့် နာရီ ၂၀ ကျော်ကြာကျောက်ချ ရပ်နား ခြင်း ကို ဆေးရွက် ခဲ့ ရ သည်။