“အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ

Planet Academy Live Portal

၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ ၂၀၀၈ခုနှစ်အတွင်းက ရုံတင်ပြခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၂ကားမှ ထူးချွန်ရုပ်ရှင် အနုပညာရှင်များကို ရွေးချယ်၍ အကယ်ဒမီဆုများ ချီးမြှင့်ခဲ့သည်။ ၂၀၀၈ခုနှစ်အတွက် အကယ်ဒမီဆုများကို “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ အောင်ပွဲခံသွားကြောင်း သိရသည်။

Myanmar Academy 2008

၂၀၀၈ခုနှစ် အကယ်ဒမီဆုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကောင်းဆုံး ဇာတ်ကားဆုအများနှင့်မသက်ဆိုင်သောသူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး)

အကောင်းဆုံး ဒါရိုက်တာဆု – ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – ခန့်စည်သူ (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် (မြင့်မိုရ်ထက်က သရဖူ)

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – ရဲအောင် (အကယ်ဒမီရှော့)

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး ဓာတ်ပုံဆု – သန်းညွန့်- ပန်းသာ (ကြိုးတန်း)

Myanmar Academy 2008

Myanmar Academy 2008

Myanmar Academy 2008

Myanmar Academy 2008

Myanmar Academy 2008

၂၀၀၈ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှ အကယ်ဒမီပုံရိပ်များကို PLANET Academy 2008တွင် ဆက်လက်တင်ဆက်ပေးသွားပါမည်။

PLANET Myanmar