လ ကမ္ဘာပေါ်မှာ လမ်း လျှောက်ခဲ့ သူ အသက် ၉၃ နှစ် အရွယ်မှာ စတုတ္ထ အကြိမ် မြောက် ချစ် ခရီးလမ်း သစ် စတင်

လ ကမ္ဘာ ပေါ်တွင် ကမ္ဘာ ကျေ် အာကာသ သူ ရဲ ကောင်း နီလ် အမ် (စ) ထရောင်း နှင့် အတူ လမ်း လျှောက် ခဲ့ သူ အဒ်ဝင် ဘဇ် အယ်(လ) ဒရင်း သည် အသက် ၉၃ နှစ် အရွယ် တွင် သူ နှင့် ခြောနှစ်နီးပါးကြာ ချစ်သူ ဖြစ် ခဲ့ သည့် အသက် ၆၃ နှစ် အရွယ် ချစ်သူ ဓာတု ဗေဒ ပညာ ရှင် ဒေါက်တာ အန်ကာ ဖာလ် ကို ကာလီဖိုးနီး ယား ပြည် နယ် လောစ် ဆန်ဂျလိစ် မြို့ တွင် ဖိတ်ကြား ထား သူ အနည်း ငယ် ဖြင့် အကျဉ်းချုံး လက်ထပ် ထိမ်း မြား မှု ပြုခဲ့ သည်။

အမေရိကန် လေတပ် တွင် ဗိုလ်မှူးကြီး အဆင့် တာဝန် ထမ်း ဆောင် ခဲ့ သူ အဒ်ဝင် ဘဇ် အယ်(လ) ဒရင်း သည် ၁၉၅၄ ခုနှစ် တွင် ပထမ ဦးဆုံး အိမ် ထောင်ပြုခဲ့ ပြီး ယခု အိမ်ထောင် သည် လေး ဆက် မြောက် အိမ် ထောင် ဖြစ် သည်။

ဘဇ် ဟု လူသိများ သည် တိုက် လေ သူရဲ နှင့် အာကာသ သူ ရဲ ကောင်း အဒ်ဝင် ဘဇ် အယ်(လ) ဒရင်း နှင့် နီလ်း အမ်းစထရောင်း သည် ၁၉၆၉ ခုနှစ် ဇူလိုင် လ ၂၀ ရက် နေ့ တွင် အပိုလို ၁၁ အာကာသ ယာဉ် ဖြင့် လကမ္ဘာ ပေါ် သို့ ပထမ ဦးဆုံး ဆင်း သက် နိုင် သည့် အာကာ သ သူ ရဲ ကောင်း နှစ်ဦး အနက် တစ်ဦး ဖြစ် သည်။

အဒ်ဝင် အယ်(လ) ဒရင်း တည်ထောင် ထား သည့် စီးပွားရေး လုပ်ငန်း တွင် ဒေါက်တာ အန်ကာ သည် ၂၀၁၉ ခုနှစ် တွင် စတင် တာဝန် ထမ်း ဆောင် ခဲ့ ပြီး နောက် ၎င်း တို့ နှစ် ဦး သည် ချစ် ကြိုက် သွား ခြင်း ဖြစ် သည်။

အဒ်ဝင် အယ်(လ) ဒရင်း နှင့် အတူ လ ကမ္ဘာ ပေါ် တွင် လမ်း အတူ လျှောက် ခဲ့ သည့် အာကာသ သူ ရဲ ကောင်း နီလ်း အမ်းစထရောင်း သည် ၂၀၁၂ ခုနှစ် တွင် ကွယ် လွန် ခဲ့ ပြီး ၎င်း သည် အဒ်ဝင် အယ်(လ) ဒရင်း ထက် အသက် ခုနှစ် လ ပို ငယ် သည်။