အမေရိကန် အက်ပဲလ် ကုမ္ပဏီ ထက် ဆယ်နှစ် စောပြီး နည်းပညာ အသာ ရခဲ့ တဲ့ Creative ကုမ္ပဏီ ကို တီထွင် သူ ဆင်ဝေါင်ဟူ ကွယ်လွန်

Sound Card ဆိုတာ ကို ကြားဖူးကြပါသလား။ စားပွဲတင် ကွန်ပျူတာ တွေနဲ့ လက်(ပ) တောပ် ကုမ္ပဏီ တွေ ရဲ့ အစောပိုင်း နှစ် ကာလ များ မှာ Sound Card ကို သုံးရပါ တယ်။ Sound Card ပျက်နေရင် ဖြစ် ဖြစ် Sound Card မရှိရင် ပဲ ဖြစ် ဖြစ် ကွန်ပျူတာ က အသံ မထွက် ပါဘူး။

ဇန်နဝါရီ ၄ ရက် နေ့ က အသက် ၆၇ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ တဲ့ ဆင်ဝေါင်ဟူ ဟာ ၁၉၈၀ ပြည့်နှစ် မှာ ကွန်ပျူတာ ပြင်ဆိုင် တစ်ခု ကို ဦးစီး လုပ်ကိုင် နေ သူ ဖြစ် ပါတယ်။

နောက်တော့ Creative ကုမ္ပဏီ ကို ထောင်ပြီး Sound Blaster လို့ အမည် ပေးထား တဲ့ Sound Card ကို တည်ထွင် ခဲ့ ပါတယ်။ နည်းပညာ ကုမ္ပဏီ တွေက Sound Card ကို ထုတ်လုပ် တာ ရှိပေမယ့် ဘယ်သူ မှ Sound Blaster လောက် ဈေးကွက် ကို မစိုးမိုး ထား နိုင် ခဲ့ ပါဘူး။

Creative က နေ Graphic Blaster လို့ ခေါ်တဲ့ ဂရပ် ဖစ် ကဒ် ကို လည်း ထုတ်ပါတယ်။

Apple ကုမ္ပဏီ က နေ iPod ကို ၂၀၀၄ ခုနှစ် မှာ ထုတ်လုပ် ဖြန့် ချိ မှု မစခင် မှာ Creative က Zen Series နဲ့ Creative Nomad ဆိုတဲ့ သီချင်း နား ထောင် လို့ ရတဲ့ အိတ်ဆောင် ဓာတ်ပြား စက် က လေး တွေ ကို တီထွင် ရောင်း ချ ခဲ့ ပါတယ်။

၂၀၀၀ ပြည့် နှစ် လောက်မှာ Nomad က ကမ္ဘာ့ MP3 ဖွင့် စက် ရဲ့ ကမ္ဘာ့ ဈေး ကွက် ထက်ဝက် လောက် ကို စိုးမိုး ထား ပါတယ်။ဆင်ဝေါင်ဟူ ဟာ အသက် ၄၅ နှစ် အရွယ် မှာ စကာပူ နိုင်ငံ ရဲ့ အသက် အငယ် ဆုံး သော ဘီလျံနာ ဖြစ်ခဲ့ ပါတယ်။

Creative ကုမ္ပဏီက နေ အသံချဲ့ စက် နဲ့ အခြား အီလက် ထရော နစ် ပစ္စည်း တွေ ထုတ် လုပ် ဖြန်. ချိ ခဲ့ ပါတယ်။ဆင် ဟာ စီးပွားရေး နဲ့ လူမှုရေး တွေးခေါ် ပညာ ရှင် တစ်ဦး လည်း ဖြစ် ပြီး သူ့ ရဲ့ U Turn Syndrome ဆိုတဲ့ လူမှု ‌‌ရေး နဲ့ ပတ်သက်တဲ့ အကျင့်စရိုက်သီ၀ရီ တစ်ခုဟာ ကျော် ကြား ပါတယ်။

Freedom News Group