ဒုတိယကမ္ဘာ စစ် နောက်ပိုင်း မှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ငွေကြေး လှည့် ပတ် စီးဆင်း မှု တစ် နာရီ ကို လေး ထရီလီယံ (ကျပ်) ခန်. ရှိ လာ

Freedom News က ခန့်မှန်း ထား တဲ့ နေ့ ရက် ထက် လေး ရက် နီးပါး၊ နာရီ ၁ဝဝ ကျော် ပို၍ စော မော ကာ မြန်မာ့ ငွေကြေး လှည့် ပတ် မူ သည် ဒုတိယကမ္ဘာ စစ် နောက်ပိုင်း မှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ငွေကြေး လှည့် ပတ် စီးဆင်း မှု တစ် နာရီ ကို လေး ထရီလီယံ (ကျပ်) ခန်. ရှိ လာ သည် ဟု ဈေး ကွက် ကို ကိုးကား ပြီး Freedom News မှ သိရသည်။

လွန်ခဲ့သည့် ဆယ်ရက် ခန့်က ဒီဇင်ဘာလ ၃၁ ၂၀၂၂ ခုနှစ် ည တွင် မြန်မာ နိုင်ငံ ၏ ငွေကြေး လှည့် ပတ် မှု သည် ကျပ် ငွေ လေး ထရီလီယံ ခန့် ရှိမည် ဟု ခန့် မှန်း ထား သော် လည်း နာရီ ၁၀၀ လေး ရက် ကျော် ပို၍ စောစီး ကာ တစ် နာရီ လျှင် လေး ထရီလီယံ ကျပ် နီး ပါး ဖြင့် ဇန်နဝါရီ လ ၅ ရက် နေ့ အထိ စိးဆင်း လိမ့် မည် ဟု ဈေး ကွက် နှင့် ငွေ ကြေး လွဲ ပြောင်း မှု ကို ကိုး ကား ပြီး Freedom News မှ သိရသည်။

🚨ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အစည်ကား ဆုံး ရန်ကုန်ည ဖြစ် ဟန် ရှိနေ၊

ဒီဂျေ နဲ့  ဒီဂျေစက် တွေ အငှားသွက်၊ အဆိုတော် တွေ ဖျော်ဖြေ စရိတ် သိန်း ၃၀၀ မှ ၅၀၀ အထိ စျေးပေါက်၊ နီနီခင်ဇော်၊ ဂျင်မီ နဲ့ ဝိုင်းစု ခိုင်သိန်း တို့ သိန်း ၃၀၀ အထက် ခေါ် ဈေး ရှိဟု Freedom News Group မှ သိရသည်။

ဒီဂျေ တစ်ယောက် အတွက် နှစ်သစ်ကူး ည ဈေး မှာ ကျော်ကြားမှု ပေါ် မူတည် ပြီး ကျပ် ဆယ်သိန်း မှ သိန်း ၅၀ ထိ ဈေး ရသည် ဟု သိရသည်။

စစ်ကောင်စီ အစိုးရက ၎င်း တို့ ထုတ် ပြန်ထား သည့် ည မထွက် ရ အမိန့် ကို နှစ်သစ်ကူးနေ့ ည တစ် ရက် တာ ဖယ်ရှား လိုက် သဖြင့် ပိုမို စည်ကား ဖွယ် ရှိ သည် ဟု ရန်ကုန် မြို့ မှ ထင်ရှား သည့် ဒရမ် သမား တစ် ဦး က ပြော သည်။

စင်မြင့် ဖျော်ဖြေပွဲ နှင့် အခြား ပွဲလမ်း သဘင် များ တွင် မီးရောင်စုံ နှင့် ဆလိုက် မီးများ ငှား ရမ်း သည့် ကုမ္ပဏီ တစ် ခု က မူ လက် မလည် အောင် ငှားရမ်း နေရ သည် ဟု ပြော သည်။

🚨ဒီဇင်ဘာလ ၂၅ ရက်နေ့ Freedom News မှ တင်ဆက် ခဲ့ သည့် သတင်း                                                       c.                                                                              ✍️ပြည်သူ ရှစ် သန်း ကျော် နှစ်သစ် ကူး မှာ ပါဝင်ဆင်နွှဲ ဖို့ အသင့် ဖြစ်နေ  

ကမ်းခြေ က ဟိုတယ် အားလုံးနဲ့ ပုဂံ၊ ကလော၊ မေမြို့ စတဲ့ နေရာ တွေက ဟိုတယ် တွေပါ စရံရိုက် ထား သူ တွေနဲ့ အပြည့် ဖြစ် နေတယ် လို့ Freedom News Group က သိရပါတယ်။

ရန်ကုန်၊ နဲ့ နေပြည်တော် က ဟိုတယ် တွင်း ညကလပ် တွေ၊ ဘားတွေ ဆိုရင် နှစ်သစ် ကူးနေ့ ည ကို သာမန် ဝင်ကြေး ဒေါ်လာ ၁၀၀ ကနေ ဗီအိုင်ပီ ဝီစကီ အရက် နှစ် ပုလင်းနဲ့ အခြား ဝန်ဆောင်မှု ပါ ကို ဒေါ်လာ ၅၀၀၊ အကောင်းစား ပြင်သစ် ဝိုင်နဲ့ အခြား ဝန်ဆောင် မှု ပါ ကို ဒေါ်လာ ၁၀၀၀ လို့ သတ်မှတ် ထား တယ် လို့ သိရပါတယ်။

နှစ်သစ်ကူး အကြိုည မိသား စုတစ် စု ခြောက် လောက်စာ ညစာ စား ပွဲ တဝိုင်း ကို ရန်ကုန်က အထင်က ရ စား သောက် ဆိုင်ကြီး တစ်ခု က ဆိုရင် ကျပ် ငွေ ငါးသိန်း နဲ့ အထူး ၀န်ဆောင် မှု ပေး တယ် လို့ လဲ သိရပါတယ်။

🚨ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် Freedom News Group မှ ခန့်မှန်း သုံးသပ် ခဲ့ သည့် တင်ဆက် ပြီး သော သတင်း

✍️ ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလ မှာ မြန်မာ့ သမိုင်း မှာ ပထမ ဦးဆုံး အကြိမ် လူ သိန်း နဲ့ ချီပြီး နှစ် သစ် ကူး ည ကို ပျော် ရွှင်စွာ ကျော် ဖြတ် ကြ မယ် လို့ ရန်ကုန် သိပ္ပံ နှင့် သုတေသန စင်တာ က ခန်မှန်း ထား ကြောင်း Freedom News က သိရပါတယ်။

အဲဒီကာလ မှာ မြန်မာ ငွေ လေး ထရီလီယံ လောက် လှည့် ပတ် စီးဆင်း နိုင်ခြေ ရှိတယ် လို့ Freedom News က ခန်. မှန်း ထား ပါတယ်။

ခရစ္စမတ် နဲ့ နှစ်သစ်ကူးကာလ အတွက် ကမ်းခြေ က ဟိုတယ် တချို့ ဟာ စာရင်း ကြို တင် ပေး မှု တွေနဲ့ အဖြည့် ဖြစ် နေ ပြီး ရန်ကုန်၊ မန္တလေး က ဟို တယ် နဲ့ စား သောက် ဆိုင် ကြီး အချို့ ဟာ ဝန်ထမ်း တွေ တောင် ထပ် မံ ငှား ရမ်း ထား ရ တယ် လို့ FNG က သိရပါတယ်။

နှစ် သစ် ကူး နေ့ ည အတွက် နေပြည်တော် နဲ့ ရန်ကုန် က ထိပ်တန်း ညကလပ် တွေ ဟာ တစ် ယောက် ကို အနည်း ဆုံး ဒေါ်လာ ၁၀၀ ကောက် ခံ သွား ဖို့ အစီ အစဉ် ရှိ တယ် လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက် နေ့ ည ဟာ မြန်မာ ပြည် သူ တွေရဲ့ နောက် ဆုံး နဲ့ အလွတ် လပ် ဆုံး ပျော် ရွှင်မှု ည တစ် ခု ဖြစ် ခဲ့ ပါတယ်။

အဲဒီနာ က် မှာ တော့ ကိုဗစ် နဲ့ အာဏာ သိမ်း မူ ရဲ့ နောက် ဆက် တွဲ ဂယက် တွေ ကြောင့် နှစ် သစ် ကူး ည ရင်ခုန်သံ တွေဟာ တစ် စ စီ ကျိုးပဲ့ ကြေမွ ခဲ့ ရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ဟာ နှစ် နှစ် အတွင်း မှာ ပြည် သူ တွေ ပထမ ဦး ဆုံး အကြိမ် (အနည်းဆုံးတော့) အထိုက် အလျောက် ပျော် ရမယ့် ည ဖြစ် ပါတယ်။