မြန်မာ စစ်တပ် က မုဒိမ်းကျင့် ပြီး သတ်ဖြတ် ခဲ့ တဲ့ ကချင် တိုင်းရင်းသူ နှစ် ဦး အမှုမှန် ပေါ်ပေါက်ရေး အမေရိကန် တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ခရိုင် ပန်ဆိုင်း မြို့ က ခရစ်ယာန် ဘာသာရေး
ကျောင်းမှာ တာဝန်ထမ်းဆောင် နေ တဲ့ ကချင် နှစ်ခြင်း အသင်းတော် က အမျိုး
သမီး နှစ်ဦး ကို မြန်မာ စစ်တပ် က မုဒိမ်း ကျင့် ပြီး သတ်ဖြတ် ခဲ့ မှု နဲ့  ပတ်သက် ပြီး
အမေရိကန် အစိုးရ က အမှုမှန် ပေါ် ပေါက် ရေး စုံစမ်း စစ်ဆေး ပေး ဖို့  တောင်းဆို
လိုက် ပါတယ်။

သာသနာ ပြု ဆရာ မ နှစ်ဦး ဟာ ဒီဒေသ က ကလေး တွေ ကို ပါ ပညာ သင်ကြားရေး
တာဝန် ကို ထမ်းဆောင် နေ သူ ဖြစ် ပြီး ဇန်န၀ါရီ လ ၁၉ ရက် နေ့ မှာ မုဒိမ်းကျင့် ပြီး
သတ် ဖြတ် ခံ ရတာ ဖြစ်ပါတယ်။

မုဒိမ်းကျင့် သတ်ဖြတ် ခံရ တဲ့ ဆရာမ နှစ် ဦး ရဲ့ ရုပ် အလောင်း ကို ကချင် ပြည်နယ်
မြစ်ကြီး နာ ကို ပြန်လည် သယ်ဆောင် တဲ့ နေရာမှာ လမ်းတစ်လျှောက် က ရှမ်း၊
မြန်မာ ၊ ကချင် ပြည်သူ တွေ က အမှုမှန် ပေါ်ရေး ဆန္ဒ ပြ တောင်းဆို ကြ ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မှာ မြန်မာ စစ်တပ် ဟာ မုဒိမ်းမှု  ကို လက်နက် သဖွယ်
ကျင့် သုံး ပြီး ကျုး လွန် ခဲ့ တာ ဖြစ် ပြီး တာမိုးညဲ လို ဒေသ က ရွာ တွေ မှာ ဆို ရင်
မြန်မာ စစ်တပ် လာရင် မိန်းမ ပျို တွေ ရော အအို တွေ ရာ ထမီ ချွတ် ပြီး ပက်လက်
လှန် ပေး ရတာ ဖြစ် ကာ အဲဒီလို မှာ မလုပ်ရင် ရိုက်တာ နှိပ်စက် တာတွေ ရှိ လို့  ကချင်
ဆရာ မ နှစ် ဦး ကို မြန်မာ စစ်တပ် က မုဒိမ်း ကျင့် ပြီး သတ်လိုက်တယ် ဆိုတာ သံ
သယမ ရှိ ဘူး လို့  တာမိုးညဲ ဒေသ မှာ တာဝန်ထမ်းဆောင် ဖူး တဲ့ မြန်မာ ဆရာ ၀န်
တစ်ဦး က ပြောပါတယ်။

ဆရာမ နှစ်ဦး ရဲ့ ဈာ ပန ကို ကချင် ပြည် နယ် မြစ်ကြီး နား မြို့ မှာ သောကြာနေ့  ကျင်း
ပမှာ ဖြစ် ပြီး ၊ ရန်ကုန် မြို့ မှာ လည်း ဆုတောင်း ပွဲ ကျင်း ပမှာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ် ဟာ ဘာသာ ခြား လူ မျိုး ခြား တွေ ကို နှိပ်ကွပ် ရာမှာ ပိုပြီး လက်ရဲဇက်
ရဲ ရှိ ပြီး ဦးသိန်းစိန် လက်ထက် မှာ ကိုပဲ ခရစ်ယာန် အသင်းတော် တွေ ရဲ့ ရိက္ခာဂိုဒေါင်
တွေ ဖောက်တာ ၊ သာသနာ့ ၀န်ထမ်းတွေ ကို နှိပ်စက်တာ တွေ ရှိပါတယ်။

ဆရာမ နှစ်ဦး ရဲ့ ရုပ်အလောင်း ကို ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ တွေ့ ရှိ တာ ဖြစ် ပြီး
မြန်မာ စစ်တပ် က တော့ စုံစမ်း စစ်ဆေး ပါ့မယ် လို့  ကတိပေးထားပါတယ်။