စစ်တပ် က အာဏာမသိမ်း ခင် GDP မျိုး ထိ မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့ လာ

၂၀၂၀ ခုနှစ်၊ စစ်တပ် က အာဏာ မသိမ်း ခင် တစ်နှစ် အလို မှာ မြန်မာ တစ်နိုင်ငံ လုံး ရဲ့ စုစုပေါင်း ပြည် တွင်း ထုတ်ကုန် ဟာ အမေရိကန် ဒေါ်လာ နဲ့ ၇၈. ၉၃ ဘီလျှံ ထိရှိတယ် လို့ ကမ္ဘာ့ ဘဏ် က ဖော် ပြထား ပါတယ်။ ငွေကြေး ဖောင်းပွမှု နှုန်း ထား ကို ထည့် မတွက် ဘူး ဆိုရင်း မြန်မာ့ သမိုင်း တစ် လျှောက် မှာ ပထမ ဦးဆုံး အကြိမ် အမြင့် ဆုံး GDP ဖြစ်ပါတယ်။

စစ်တပ် က အာဏာ သိမ်း လိုက် တဲ့ ၂၀၂၁ ခုနှစ် မှာ မြန်မာ့ GDP က ၆၅ ဘီလျှံ ထိ ထိုးစိုက် ကျ ဆင်း သွား ခဲ့ ပါတယ်။ ငွေကြေး ဖောင်းပွ မှု နှုန်း နဲ့ တွက် မယ် ဆိုရင် GDP ဟာ ၄၀ ဘီလျံ ကျော်ကျော် လောက်ပဲ ရှိတော့ တဲ့ အတွက် အတော့ ကို ထိုးစိုက် ကျ သွား တဲ့ အနေ အထား ပါ။

Copy Right ®© Freedom News Group

စစ်တပ် က အာဏာ သိမ်းပြီး တစ် နှစ် အကြာ ၂၀၂၂ ခုနှစ် မှာ မြန်မာ နိုင်ငံ ရဲ့ GDP ဟာ ၇၆. ၉၃ ဘီလျံ ရှိမယ် လို့ Trading Economic မဂ္ဂဇင်း က ခန်. မှန်း ထား ပါတယ်။

GDP ၀င်ငွေ အရ အရပ် သား အစိုးရ လက် ထက် ၂၀၂၀ ခုနှစ် က GDP ကိန်း ဂဏန်း တွေ ပြန်ဖြစ် လာပေမယ့် စီးပွား ရေး တိုးတက် လာ တာ ရော၊ စီးပွား ရေး ပြန် လည် ဦးမော့ လာ တာ မျိုး မဟုတ် ပါ။

ဒါပေမယ့် ထင်သလို နဲ့ ထင် သလောက် တိုင်းပြည် ရဲ့ စီးပွား ရေး က ဇောက်ထိုး မိုးမျှော် မဖြစ် သွား ခဲ့ တာ ဟာ အနောက် တိုင်း အခြေစိုက် စီးပွားရေး ပညာ ရှင် တွေပါ ပဟေဋိ ဖြစ်ရပါတယ်။

ဒါပေမယ့် အာရှ အခြေ စိုက် စီးပွားရေး ပညာ ရှင် တွေနဲ့ Freedom News Group အတွက် တော့ အာမေဋိတ် ဖြစ် ရ လောက် တဲ့ အထိ တော့ မဟုတ် သေးပါ။

၂၀၂၂ ခုနှစ် စက်တင် ဘာလ ဟောင်ကောင် မှာ ကျင်းပတဲ့ ကမ္ဘာ့ ရင်းနှီးမြုပ်နှံ သူများ နှီးနှော တွေ့ ဆုံ ပွဲ မှာ ထိုင်း နဲ့ ဟောင်ကောင် စီးပွားရေး ပညာရှင် တွေ ရဲ့ စာတမ်း တစ် ခု ကို ဖတ်ကြား မှာ မြန်မာ ဟာ နိုင်ငံ ကြီး သုံး နိုင်ငံ ထက် မနည်း ရဲ့ အမျိုးမျိုး သော စောင့်မတ် ကူညီ မှု တွေ ကို တစ် နည်း တစ် ဖုံ နဲ့ ရရှိ နေ လိမ့် မယ် လို့ ဖတ်ကြား ခဲ့ ပြီး နိုင်ငံ တွေ ရဲ့ နာမည် တွေ ကို တော့ ထည့် သွင်း ပြော သွား ခဲ့ တာ မရှိပါဘူး။

အမည် မဖော် လို တဲ့ မြန်မာ စီးပွား ရေး ပညာရှင် တစ် ဦး က တော့ တရုတ်၊ ရုရား၊ ဂျပန် နဲ့ အိန္ဒိယ နိင် ငံ တွေ က မြန်မာ နိုင်ငံ နဲ့ နိုင်ငံ ရေး၊ စီးပွားရေး အရ ပိုနေ မြဲ ကျား နေ မြဲ ရှိ နေ သေး တာ အပြင် အိန္ဒိယ နဲ့ ဂျပန် က မြန်မာ နိုင်ငံ မှာ ရင်းနှီး မြုပ်နှံ လိုစိတ် ရှိနေ သေး တဲ့ အပြင် ဂျပန် က ကား ထုတ်လုပ် ရေး စက် ရုံ ဖွင့်တာ၊ တရုတ် က သယံဇာတ မှာ တိုးချဲ့ ရင်းနှီး မြုပ် နှံ တာ၊ အိန္ဒိယ က ဆို ဘာထွက် ထွက် ဝယ် မယ် ဆို တာ မျိုး ဖြစ် နေ တာ တွေ ကို ထောက် ပြ ပါတယ်။

၂၀၂၁ ၃ နှစ် ဖေဖော် ဝါ ရီလ ၁ ရက် နေ့ စစ် တပ် က အာဏာ သိမ်း ပြီး နောက် မှာ မြန်မာ နိုင်ငံ သား ငါး သောင်း ကျော် လောက် ဟာ ပြည်ပ မှာ ထွက်ပြီး အလုပ်လုပ် ကြ တာ တွေ၊ နိုင်ငံ ရေး အရ ခိုလှုံမှု ပြု ပြီး အလုပ် အကိုင် လုပ် ကြ ရာ က က နေ ပြည်တွင်း ကို ပြန် လည် လွှဲ ပြောင်း ပေး တဲ့ ငွေကြေး ဟာ ၂၀၂၂ စက်တင်ဘာလ မှာ မြန်မာ နိုင်ငံ ရဲ့ သမိုင်း တစ် လျောက် မှာ အမြင့် ဆုံး ထိ ဖြစ် လာ ခဲ့ ပါတယ်။

မြန်မာ နိုင်ငံ ရဲ့ GDP ဟာ ကမ္ဘာဒီးယား၊ နဲ့ လာအို နိုင်ငံ တို့ ရဲ့ GDP ထက် စာရင် ဆက်လက် မြင့်မား နေ သေး ပေမယ့် အိမ်နီး ချင်း ထိုင်း နိုင်ငံ ရဲ့ GDP ဒေါ်လာ ဘီလျံ ၅ဝဝ ကျော်၊ ဗီယက်နမ် နိုင်ငံ ရဲ့ GDP ဒေါ် လာ ဘီလျံ ၃၀၀ ကျော် တို့ နဲ့ ယှဉ် ရင် အများ ကြီး နိမ့် ကျ နေ ဆဲ ဖြစ် ပါတယ်။

မြန်မာ လူဦး ရေ သန်း ၅၀ ကျော် ရဲ့ ၂၀၁၇ စုစုပေါင်း ထုတ် ကုန် ဟာ ဒေါ်လာ ၆၀ ဘီလျံ ကျော် ရှိ ပေမယ့် အမေရိကန် ရုပ်သံ လိုင်း တစ် ခု ဖြစ် တဲ့ HBO ရဲ. ၂၀၁၇ ခုနှစ် အသားတင် အမြတ် ငွေ ဟာ ၉ ဘီလျံ ကျော် နဲ့ HBO ကုမ္ပဏီ ရဲ့ Game of Throne ဆိုတဲ့ လူ ၁၀၀၀ ကျော် နီးပါး လောက် နဲ့ ပဲ ရိုက် ကူး ထုတ် လုပ် ထား တဲ့ ရုပ် သံ ဇတ် လမ်း တွဲ ဟာ ၃ ဘီလျံ ခွဲ ကျော် ဝင် ငွေ ရခဲ့ တာ ဖြစ် ပါတယ်။

အမေရိကန် ရဲ့ GDP နဲ့ မြန်မာ ရဲ့ GDP ဆို မိုး နဲ့ မြေ လို ကွာ ခြား ပါတယ်။

Copy Right ®© Freedom News Group