သက်ဆိုး ရှည်တဲ့ အာဏာရှင် များ နဲ့ အမေရိကန်

မြန်မာ နိုင်ငံ မှာ ရှစ်လေး လုံး အရေး တော်ပုံ ကြီး စတင် တဲ့ နေ့ မှာ ပဲ ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့ က စတင် ခဲ့ တဲ့ ရှစ်နှစ် ကြာ အီရန်-အီရတ် စစ်ပွဲ ရဲ့ စစ် ပြေငြိမ်း ရေး စာချုပ် ကို ချုပ် ဆို နိုင် ခဲ့ ပြီး နောက် ရက် အနည်း ငယ် အကြာ မှာ စစ် ပွဲ လုံး ၀ အဆုံး သတ် သွား ခဲ့ ပါတယ်။

စစ်ပွဲ ရဲ့ ပထမ နှစ် တွေမှာ ရှားဘုရင် ဆီက ပူနွေးနွေး အာဏာ သိမ်း ထား တဲ့ အယာတိုလာ အလီ ခိုမေနီ နဲ့ အီရန် တော်လှန်ရေး အစိုး ရ ကို ဖယ် ရှား ဖို့ ဆက်ဒမ် ဟူစိန် ရဲ့ အီရတ် ကို ဟယ်လီ ကော်ပတာ တွေ ရောင်း ချ တာ အပြင် ဒေါ် လာ ဘီလျှံ နဲ့ ချီပြီး ထောက်ပံ့ ခဲ့ ပါတယ်။

ဒါပေမယ့် ခိုမေနီ မပြုတ် ကျ တဲ့ အပြင် ဆက်ဒမ် လည်း အီရန် ရဲ့ မြေ တစ် လက် မ ကို မှ သိမ်း နိင် ခဲ့ ခြင်း မရှိပါ။

၁၉၈၄ ခုနှစ် နိုဝင် ဘာလ မှာ သမ္မတ ရော်နယ် ရေဂင် က အီရတ် ဒုဝန်ကြီး ချုပ် နဲ့ နောက်ပိုင်း မှာ သေဒဏ် ချမှတ် ခံခဲ့ ရတဲ့ အီရတ် ဒုဝန် ကြီး ချုပ် ဟောင်း တာရစ် အဇစ် ကို ပါ သမ္မတ အိမ်ဖြူ တော် မှာ လက်ခံ တွေ့ ဆုံ ခဲ့ ပါတယ်။

အီရန် တော်လှန်ရေး အစိုး ရ ကို ဖယ်ရှားဖို့ အီရတ် ကို အမေရိကန် က ပုံ အော ထောက်ပံ့ တဲ့ တချိန် တည်း မှာ ပဲ အီရန် ခိုမေနီ အစိုး ရကို လည်း အမေရိကန် က လက်နက် ရောင်း ချ ပါတယ်။

အီရန် ကို အမေရိကန် က ခိုးပြီး လက်နက် ရောင်း ချတဲ့ အရှုပ် တော် ပုံ ကို အီရန်-ကွန်ထရာ လို့ ခေါ် ပါတယ်။

ဗိုလ်မှူးကြီး အိုလီဗာ နော သ် က လျို့ဝှက် ဦး ဆောင် ပါတယ်။

အမေရိကန် ရဲ့ လက်နက် တွေ အီရန် ကို ခိုးပြီး ရောင်း လို့ ရတဲ့ ငွေ နဲ့ နီကာရာဂွာ မှာ ဆန်ဒီ နစ္စတာ လက်ဝဲ အစိုး ရ ကို လက် နက် ကိုင် ပြီး တိုက် နေတဲ့ ကွန်ထရာ သူပုန် တွေကို ထောက်ပံ့ ခဲ့ တာ ဖြစ် ပါတယ်။

၁၉၈ရ ခုနှစ် နောက်ပိုင်း မှာ ဆက်ဒမ် အစိုး ရ က အမေရိကန် နဲ့ အနောက် အုပ်စု ကို ကလန် ကဆန်လုပ် လာပါတယ်။ ၁၉၉၀ ခုနှစ် မှာ ဆက်ဒမ် အစိုး ရက ကူဝိတ် ကို ၀င် သိမ်း တဲ့ အခါ အမရိကန် နဲ့ မဟာမိတ် တပ် တွေက ကန္တာရ မုန်တိုင်း စစ် ဆင် ရေး အမည် နဲ့
ကူဝိတ် လွတ်မြောက် ဖို့ ဒေါ်လာ ထရီလီယံ နဲ့ ချီ သုံး ခဲ့ ပါတယ်။

အဲဒီနောက် မှာ တော့ ဆက်ဒမ် ဟူစိန် ကို ဖယ် ရှား နိုင်ဖို့ အီရတ် အတိုက် အခံ တွေကို အမေရိကန် က ဒေါ်လာ ဘီလျံ နဲ့ ချီ ထောက်ပံ့ ခဲ့ ပါတယ်။

၁၉၉၈ မှာ အမေရိကန် ကွန်ဂရက် က အီရတ် လွတ် မြောက် ရေး အက်ဥပဒေ ပြဌာန်း ပြီး အလုံး အရင်း နဲ့ ထောက်ပံ့ ခဲ့ ပေမယ့် ဘဂ္ဂဒက် မှာ ဆန္ဒပြပွဲ ငယ် နှစ် ခုပဲ ဖြစ် ခဲ့ ပါတယ်။

ပုံ (၂ ) နောင်အခါ အမေရိကန် ကာကွယ် ရေး ဝန်ကြီး ဖြစ် လာမယ့် အမေရိကန် အထူး သံ ဒေါ် နယ် ရမ်း စဖဲ နဲ့ ဆက်ဒမ် ဟူ စိန် ၁၉၈၃ ခုနှစ် တွင် ဘဂ္ဂဒက် တွင် တွေ့ ဆုံ စဉ်

ပုံ (၁ နှင့် ၃ ) ထိုစဉ် က အီရတ် နိုင်ငံ ခြား ရေး ဝန်ကြီး တာရစ် အဇစ် နှင့် သမ္မတ ရေဂင် တို့ အိမ် ဖြူ တော် တွင် တွေ့ ဆုံ စဉ်

Freedom News Group