ရွှေလက် ပိုင်ရှင် ဟု ကမ္ဘာ ကျော် ခဲ့ သည့် ဒီယေးဂိုး မာရာဒိုနာ ဦးဆောင်မှု ဖြင့် ချံပီယံ ဖြစ် ပြီး နောက် ၃၆ နှစ် ကျော် ကြာ မှ တစ် ကျော့ ပြန် ဗိုလ် စွဲ တဲ့ အာဂျင်တီးနား

ဒုတိယ ပိုင်း တွင် ပြင် သစ် က ချေပဂိုး များ ပြန် သွင်း နိုင် ခဲ့ သော် လည်း သရေ ကျခဲ့ ပြီး ပယ်နတီ တွင် လေး ဂိုး နှစ် ဂိုး ဖြင့် အနိုင် ရရှိ ခဲ့ ဖြစ် သည်။

၁၉၈၆ ခုနှစ် မက္ကဆီကို နိုင်ငံ တွင် ကျင်းပ ခဲ့ သည့် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ တွင် အာဂျင်တီးနား က အနောက် ဂျာမဏီ နှင့် တွေ့ ဆုံ စဉ် အသက် ၂၅ နှစ် အရွယ် အသင်း ခေါင်းဆောင် ဒီယေဂို မာရာဒိုနာ ရဲ့ တိုက်ကွက် ဆင် မှု နဲ့ အာဂျင်တီးနား အသင်း သား တွေက သုံးဂိုး သွင်း ယူပြီး အနောက် ဂျာမဏီ ကို တစ် ဂိုး အသာ နဲ့ နိုင် ခဲ့ တာ ဖြစ် ပါတယ်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ ဖလား ပွဲ ရဲ့ အကြို ဗိုလ်လုပွဲစဉ် မှာ အာဂျင်တီးနား က အင်္ဂလန် ကို ၂ ဂိုး ၁ဂိုး နဲ့ အနိုင် ရရှိ စဉ် မှာ အနိုင်ဂိုး ကို အသင်း ခေါင်းဆောင် ဒီယေဂို မာရာဒိုနာ က လက် နဲ့ သွင်းယူ ခဲ့ တာ ဖြစ် ပါတယ်။

ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် စည်းမျဉ်း အရ အဲဒီ ကန်သွင်း မှု ဟာ တရား မဝင် ပေ မယ့် ဗီဒီယို နည်း ပညာ အခက် အခဲ အရ အာဂျင်တီးနား ကို ပဲ အနိုင် ပေး လိုက် ရပါတယ်။

အဲဒီဂိုး ဟာ မာရာဒိုနာ ရဲ့ ကမ္ဘာ ကျော် ဂိုး ဖြစ် ခဲ့ ပြီး ဘုရား ပေး သော လက်၊ ရာစုနှစ် ရဲ့ အကောင်း ဆုံး ဂိုး စတာ တွေ နဲ့ နာမည် ကျော် ခဲ့ ပါတယ်။

အချို့ က တော့ လက်စား ချေ ဂိုး လို့ ပြော ကြပါတယ်။ ဗြိတိသျှ က စစ် တပ် အင်အား အလုံး အရင်း နဲ့ အာဂျင်တီးနား ပိုင် ဖောက်ကလန် ကျွန်း ကို သိမ်း ယူ ပြီး လေး နှစ် အကြာ မှာ အာဂျင်း တီးနား က တကျော့ ပြန် အနိုင် ရခဲ့ လို့ လက်စား ချေ ဂိုး လို့ ခေါ် ကြ တာ ဖြစ် ပါတယ်။

Freedom News Group

၂၀၀ရ ခုနှစ် မှတ်တမ်း ရုပ်ရှင် တစ်ခု မှာ တော့ အာဂျင်တီးနား အသင်းခေါင်းဆောင် ဟောင်း မာရာဒိုနာ က လက်နဲ့ သွင်းယူ ခဲ့ တာ ဖြစ် ကြောင်း ဝန်ခံ ပြော ကြား ပြီး ဘယ်လို ပဲပဲ ဖြစ် ဖြစ် ဒါဟာ အနိုင် ရတဲ့ သမိုင်း အဖြစ် ကမ္ဗည်း ကျောက်စာ ထိုး ပြီးခဲ့ ပြီ လို့ ပြော ခဲ့ ပါတယ်။

ချံပီယံ ဖြစ်တဲ့ အသင်း တွေထဲ မှာ ထူးခြား တာက တော့ အာဂျင်တီးနား က ဆော်ဒီအာရေးဗီးယား နဲ့ ပွဲဦး ထွက် တွေ့ ဆုံ စဉ် မှာ နှစ် ဂိုး တစ် ဂိုး နဲ့ ရှုံး နိမ့် ခဲ့ တာ ဖြစ် ပါတယ်။

ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ မှာ တတိယ အကြိမ် မြောက် ဗိုလ်စွဲ ၍ အာဂျင်းတီးနား ပြည်သူ တို့ မြို့ တော် ၏ လမ်း မများ တွင် ပြည်သူ များ အောင်ပွဲ ခံ ပျော် ရွှင် နေ ကြ သည် ဟု မြို့ တော် ဗြူနို ဆိုင်းရပ်(စ်) မှ လာ သည့် အေပီ သတင်း တွင် ဖော် ပြထား သည်။

Freedom News Group

ဓာတ်ပုံ များ မှာ AP, AFP နှင့် အာဂျင်းတီးနားနိုင်ငံ ၏ သတင်း ဌာန များ မှ ရယူ ထား ခြင်း ဖြစ်ပါတယ်။