ဘရာဇီး နဲ့ ပီရူး မှာ အုံကြွ ဆန္ဒပြ မှု တွေ တားဆီး လို့ မရ အောင် ဆက်ဖြစ်နေ

သူ့ ကို မထောက် ခံ သူ တွေက စွပ်ဆွဲ ခဲ့ သလို အာဏာ သိမ်း ရန် ကြံစည် မှု  ကြောင့် ဒီဇင်ဘာလ ရ ရက် နေက အဖမ်း ခံ လိုက် ရ တဲ့ ပီရူး သမ္မတ ကို ဒီနေ့ တရား ရုံးထုတ် ချိန်မှာ သူဟာ သူ့ရဲ့ ထောက်ခံ သူ တွေနဲ့ အတူ ရှိ နေ တယ် လို့ တရား ခွင် မှာ ပြော ကြား ခဲ့ ပြီး တရား မျှ တမှု အတွက် ဆက် ပြီး တိုက် ပွဲ ဝင် ကြ ဖို့ ဆော်ဩ လိုက် ပါတယ်။

လက်ဝဲ ဝါဒီ သမ္မတ ပယ်ဒရို ကာစီလို ကို ဖမ်းဆီး အကျဉ်း ချ ထား ပြီး တဲ့ ည မှာ ပဲ ပီရူး နိုင်ငံ ရဲ့ မြို့ တော် နဲ့ လမ်း တွေ မှာ သူ နဲ့ သူ့ ပါတီ ကို ထောက် ခံ သူတွေက လမ်း တွေ ပေါ် ထွက်ပြီး ဆန္ဒပြ ခဲ့ ကြ ပါတယ်။ အ ချို့ မြို့ တွေမှာ ရဲ ကင်း စခန်း တွေ နား မှာ မီးရှို့ ဆန္နပြ မှု တွေ ဖြစ် ပေါ် ခဲ့ ပါတယ်။ ရဲတပ် ဖွဲ့ က ပြန်ပစ် လို့ လည်း သေ ဆုံး သူ ၈ ဦး လောက် ရှိ နေ ပြီ လို့ ဆို ပါတယ်။ စွဲချ တွေ က သမ္မတ ဟောင်း ကို ထောင် ဒဏ် ငါး နှစ် လောက် အပြစ် ပေး ပါ လို့ တရား ရုံး ကို လျောက် ထား တယ် လို့ သိ ရ ပါတယ်။

ပီရူး နိုင်ငံ ရဲ့ ကာကွယ် ရေး ဝန်ကြီး က နိုင်ငံ ကို အရေး ပေါ် အခြေ အနေ ကြောငြာ လိုက် ပြီး စစ်တပ် က အာဏာ သိမ်း နိုင် တယ် ဆို တဲ့ သတင်း တွေ လည်း ပီရူး မှာ ကျယ် ကျယ် ပြန့် ပြန့် ထွက် နေပါတယ်။

ဘရာဇီး နိုင်ငံ မှာ တော့ ဆိုရှယ်လစ် သမ္မတ လူလာ ဒီ ဆီလ်ဗာ ဟာ မဲ မသမာ မှု နဲ့ အနိုင် ရရှိ တယ် ဆို ပြီး တော့ သမ္မတ ဂျေး ဘော်ဆိုနာရို ကို ထောက်ခံ သူ တွေက ထရပ်ကား ကြီး တွေနဲ့ လမ်း တွေ ပိတ် ထား သလို ထိုင် သပိတ် တွေ လုပ် ပြီး ဆန္ဒ ပြ နေ တာ သတင်း နှစ် ပတ် ကျော် လာ ပါပြီ။

ကြီးမား တဲ့ ငွေကြေး ကိစ္စ အရှုပ် တော်ပုံ တွေနဲ့ အကျင့် ပျက် ချစား မှု တွေ ကြောင့် အိမ်ကို ဝင် ရောက် စီးနင်း ခံရပြီး ထောင်ဒဏ် ၁၂ နှစ် အထိ အပြစ် ပေး ခံရ ကာ အကျဉ်း ထောင် ထဲမှာ နှစ် နှစ် နီး ပါး နေခဲ့ ရတဲ့ အသက် ၇၆ နှစ် အရွယ် လက်ဝဲ ဝါဒီ လူလာ ကို ထောက် ခံ သူ တွေ ဟာ ဘော်ဆိုနာရို ကို ထောက် ခံ သူ တွေ လို အယောင် ဆောင် ဝတ် ဆင် ပြီး ဘရာဆီလီယာ မြို့ တော် က ရဲ ဌာနချုပ် ကို ဝင် ရောက် စီး နင်း ခဲ့ ကြပါတယ်။

ဒီဇင် ဘာလ ရ ရက် နေ့ ပီရူး သတင်း ဟောင်း ၁၉၉၀ ကနေ ၂ဝဝဝ ပြည့် နှစ် အထိ ဆယ်နှစ် ကျော်ကြာ ပယ်ရူး နိုင်ငံ မှာ မွေးတဲ့ ဂျပန် နွယ်ဖွား ဖူဂျီ မိုရီ က သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ ပါတယ်။

နောက်တော့ သူလည်း နိုင်ငံ က ထွက်ပြေးရ ပြီး ဂျပန်မှာ နိုင်ငံ ရေး ခိုလှုံ ခဲ့ ရပါတယ်။ နောက် တော့ ပယ်ရူး ကို ပြန်လာပြီး အပြစ် ဒဏ် တွေ ခံ ယူ ခဲ့ ပြီး အကျဉ်း စံ ဘဝ ရောက်နေ ပါတယ်။ ဒီနှစ် ဆန်း ပိုင်း မှာ တော့ ပယ်ရူး ဗဟိုတရား ရုံး က ဖူဂျီ မိုရီ ရဲ့ အယူခံ ကို လက်ခံ ပြီး မကြာခင် လွှတ်ပေး ဖို့ ဆုံး ဖြတ် ခဲ့ ပါတယ်။

အခု အသက် ၄၇ နှစ် အရွယ် သူ့ သမီး ကီကို ဖူဂျီ မိုရီ ဟာ ၂၀၁၁၊ ၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ် တွေ မှာ ပယ်ရူး နိုင်ငံ ရဲ့ ရွေး ကောက် ပွဲ တွေ မှာ ပါဝင် ယှဉ်ပြိုင် ခဲ့ ပါတယ်။

ကီကို ဟာ လက်ယာ နိုင်ငံ ရေး သမား တယောက် ဖြစ် ပြီး သူ့ အဖေ ထက် တောင် လူကြိုက် များ မူ ရ နေ တစ် ယောက် ဖြစ် ပါ တယ်။

၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ် ပယ်ရူး ရွေး ကောက် ပွဲ မှာ ဆို ရင် ကီ ကို ဟာ သမ္မတ နေရာ ပွတ်ကာ သီကာ နဲ့ ရှုံး နိမ့် သွား တာပါ။

လွှတ်တော် က သူ့ ကို ရာထူး က ဖယ် ရှား ချိန် မှာ သူက Facebook မှာ Live လွှင့် ပြီး ကွန်ဂရက် ကို ဖျက်သိမ်း ပြီး အရေး ပေါ် အစိုး ရ ကြောငြာ ကာ အာဏာ သိမ်း ဖို့ ကြိုး စား ခဲ့ တဲ့ ပယ်ဒရို ကာစီလို ဟာ
အာဏာ ရပြီး တစ် နှစ် အတွင်း မှာ အကျင့် ပျက် ချစား မှု နဲ့ ကုန်ဈေး နှုန်း အဆ မတန် မြင့် တက် မှု တွေ ကြောင့် ကွန်ဂရက် က ခြောက် လ အတွင်း မှာ နှစ် ကြိမ် တိုင် သူ့ ကို ရာထူး က ဖယ် ရှား ဖို့ ကြိုး စားခဲ့ တာ ပါ။

၂၀၂၁ ခုနှစ် ဇူလိုင်လ သမ္မတ ရွေး ကောက် ပွဲ မှာ ဆိုရင် ဒီနေ့ မနက် အစော ပိုင်း မှာ ရာထူး က ဖယ်ရှား ခံ လိုက် ရပြီး ဖမ်းဆီး အကျဉ်း ချ ခံ ထား ရတဲ့ လက်ဝဲ ဝါဒီ ပယ်ဒရို ကာစီလို လို မဲ အရေ အတွက် သိပ် မကွာ ပဲ နဲ့ ရှုံး နိုမ့် ခဲ့ ရတာပါ။

အာဏာသိမ်း ရန် ကြံစည် မှု နဲ့ ဖမ်းဆီး ခံ လိုက် ရတဲ့ မာစ်၊ လီနင် ဝါဒီ Free Peru ပါတီ ရဲ့ ခေါင်း ဆောင် ပယ်ဒရို ကာစီလို ရဲ့ နေရာ ကို အသက် ၆၀ အရွယ် ဒုတိယ သမ္မတ ဒိုင်နာ ဘော်လ တေး က ဆက် ခံ ပါတယ်။

ဒိုင်နာ ဘော်လ တေး ဟာ မနှစ် က ထိ ပယ်ဒရို ကာစီလို နဲ့ Free Peru ပါတီ ရဲ့ ခေါင်း ဆောင် ဖြစ် ခဲ့ ပြီး ဒုသမ္မတ ဖြစ်ပြီး မကြာခင် မှာပဲ ကွန်မြူ နစ် ဝါ ဒ နဲ့ လမ်း ခွဲ ခဲ့ ပါတယ်။

သမ္မတ ဟောင်း က ဖူဂျီ မိုရီ နဲ့ သမီး ဖြစ်သူ Popular Force ပါတီ ခေါင်းဆောင် နဲ့ သမ္မတ လောင်း ကီကို ဖူဂျီ မိုရီ

အာဏာသိမ်း ရန် ကြံစည် မှု နဲ့ သမ္မတ ပယ်ဒရို ကာစီလို ဖမ်း ဆီး ခံ ရပြီး နောက် ပယ်ရူး နိုင်ငံ ရဲ့ ပထမ ဦးဆုံး အမျိုး သမီး သမ္မတ အဖြစ် ဒိုင်နာ ဘော်လ တေး ဖြစ် လာ သည်။

မြန်မာ တို့ ပီရူး ဟု ခေါ်ဝေါ် ကြသည့် တောင်အမေရိက တိုက် အနောက် ဘက်ခြမ်း နိုင် ငံ ကို ပယ်ရူး ဟု အသံ ထွက် ပါသည်။

Freedom News Group