ခရစ်ယာန် ဘာသာဝင် သားအလောင်း ကို သွားကောက် တဲ့ အမေအို ကို ခေါင်းကွဲ အောင်ရိုက်၊ ရှစ်တန်း ကျောင်းသူ ပါမုဒိမ်း ကျင့် ခံရ၊ မီးမမှိတ် ထား ရင် လောင်နာနဲ့ လှမ်း ထုရခံရတဲ့ မင်းတပ်

စံမင်းသီရိ စေတီ နားမှာ ဖမ်းဆီး ရမိတဲ့ လူငယ် ၁၅ ဦး  (မိန်းကလေး တစ်ဦးပါဝင်) ကို နေ့ လည် တစ်နာရီ ကျော် လောက်မှာ လူသားဒိုင်း အဖြစ်လုပ် ပြီး စစ်ကောင်စီ တပ် တွေက မင်း တပ်မြို့ ထဲကို ဝင်လာပါတယ်။
 
မင်းတပ် အခြေစိုက် ခလရ ၂၇၄ က မေလ ၁၃ ရက် နေ့ကတည်း က သုံးရက် တိုင် အမြောက် ပစ်ခတ် တာ ကို ရပ်နား လိုက် ပြီး ချိန် မှာ စစ်ကောင်စီ တပ်တွေ က လူ သားဒိုင်း နဲ့ မြို့ ထဲဝင် လာ တာ ဖြစ်ပါတယ်။

သုံးရက် ဆက်တိုက် ၁၅၂ မမ ပစ်ခတ် ထားတာရယ်၊ လက်ဖြောင့် သေနတ် သမား တွေ လက်ချက် ကြောင့် အဆောက်အဦ နဲ့ လူနေ အိမ် အချို့ ပြိုပျက် ခဲ့ရပါတယ်။  စနိုင်ပါ ထိမှန် တဲ့ လူသေ အလောင်း တစ်  ချို့ လည်း လမ်း ပေါ်မှာ ပြန့် ကျဲနေ ပြီး သွားကောက် ရင် နောက်ထပ် ပစ်ခံရတာ ကြောင့် ဘယ်သူ မှ မကောက် ရဲဘူး လို့ မြို့ခံ တစ်ဦးက FNG ကို ပြောပါ တယ်။

မေလ ၁၃ ရက် နေ့က ဆိုရင် မြို့နယ် လျှပ်စစ် ဌာနက  အရာရှိငယ် တစ်ဦး ဟာလည်း စနိုက်ပါ လက်ချက်နဲ့ သေဆုံး တာဖြစ်ပါတယ်။

မင်းတပ်မြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီ တပ်တွေဟာ တစ်အိမ် တစ်ဆင်း လိုက်လံရှာ ဖွေပြီး အိပ်ထဲ ရှိနေတဲ့  သူတွေ အကုန် လုံး ကို အိမ် ပြင် ထွက် ပြီး မှောက် ခိုင်း ထားပါတယ်။

အိမ်ထဲမှာ ကြောက်လို့ ပုန်းနေတဲ့ သူတွေ ဆိုရင် အိမ်ထဲ ဝင်ပြီး လမ်း ပေါ်ဆွဲ ခေါ်ထုတ် ပါတယ်။ တစ်ချို့ ဆိုရင် တစ်ခါတည်း ပစ်သတ် ခံရ ပါတယ်။

လွတ်လပ်ရေး ကျောက်တိုင် နား နဲ့ မော်နီကာ တည်းခိုခန်း နားမှာ ဆိုရင် ပုန်းအောင်း နေတဲ့ မိန်းကလေး နှစ်ဦး ဟာ စစ်တပ် က မုဒိမ်း ကျင့် ခံလိုက် ရပါတယ်။

အိမ်ထဲမှာ ပုန်းနေတဲ့ ရှစ်တန်း ကျောင်း သူ တစ်ဦး ကို စစ်သား တွေက တွေ့တဲ့ အခါ ကောင်မ အဲဒီလောက် အိပ်ထဲမှာ နေချင် ရင် နေ ရတယ် ဆိုပြီး စစ်သား လေးယောက် လောက်က သားမယား အဖြစ် ပြုကျင့်ကာ ရိုက်နှက် ပြီး ထားခဲ့ တာ မင်းတပ် တပ်မြို့ လုံး နီးပါး သိပြီး ကိစ္စ ဖြစ်ပါတယ်။

မော်နီကာ တည်းခိုခန်း နဲ့ ရွှေတောင်ထိပ် နားမှာ လည်း အမျိုး သမီး တွေကို မုဒိမ်း ပြုကျင့် ခဲ့တာ တွေရှိပါတယ်။

ငစစ် တွေ မြို့ထဲ ဝင်လာက တည်း က ဆိုင်တွေကို အရင် ဝင်လုပြီး ငါးသေတ္တာ ဗူး တွေ ကွန်ဒမ် တွေ ကို သူတို့ အိတ် ထဲအရင် ကောက်ထည့် တာပဲလို့ Freedom News Group ကို ပြောပါတယ်။

ညနေ ငါးနာရီ လောက်မှာ တော့ ဘုရားကျောင်း မှာ ဒုက္ခ သည် တွေကို အကူအညီ ပေးလေ့ ရှိတဲ့ ဆရာသောမတ်(စ) ဟာ စစ်တပ် က သေနတ် နဲ့ ပစ်ခတ် ထားလို့ ဒဏ်ရာ အပြင်း အထန် ရပြီး အော်နေတဲ့ လူကို ရေတိုက်ဖို့ ကြိုးစား စဉ်မှာ သေနတ် နဲ့ အပစ်ခံရတာ ဖြစ်ပါတယ်။

ဆရာသော မတ်(စ) ကို သေနတ် နဲ့ ပစ်သတ်ပြီး လမ်း ပေါ်မှာ ပစ်ထား တာကို သူ့ ရဲ့ မိခင် နဲ့ အိပ်နီးချင်း တို့က အိမ် ကို ပြန် သယ်ဖို့ တွန်း လှည်း ပေါ် တင်ချိန်မှာ ကင်းလှည့် နေတဲ့ စစ်ကား ရောက် လာပြီး ဆရာသော မတ် မိခင် ရဲ့ ခေါင်း ကို သေနတ်ဒင် နဲ့ ရိုက်သွား တာဖြစ်ပါတယ်။

ကျွန်မ သား အလောင်း ကို လာကောက် တာ ပါ ပြော တော့မှ သူတို့ ကားမောင်း ထွက်သွားတာ ပါလို့ ဖြစ်ပျက် ပုံကို မြင်ရ သူတစ်ဦး က FNG ကို ပြောပါတယ်။ ညဘက် မှာဆိုရင် ဖမ်းဆီး ထား သူတွေကို ရိုက်နှက် ကာ စစ်တပ် နဲ့ ရဲစခန်း ထဲ ခေါ်သွား တယ်လို့ သိရပါတယ်။ သူတို့ တွေကို လည်ပင်း တွေမှာ ကြိုး နဲ့ ချီ ခေါ် သွားပြီး လမ်း တစ် လျောက် လုံး လည်း ရိုက် သွားတာပါ။ တစ်ချို့ ဟာ ခေါင်း တွေမှာ သွေး တွေ အလိမ်း လိမ်း နဲ့ ဖြစ်နေပြီး တူမီး သေနတ် ကိုင် တာ ဒီလက် လားကွ ဆိုပြီး လက် ချောင်း တွေကို သေနတ် နဲ့ ရိုက် တာ ပစ်တာ လည်း ခံရပါတယ်။

အိမ်တွေကို တံခါး ပိတ် မီး မှိတ် ထား ခိုင်း ပြီး မီးမမှိတ် တဲ့ အိမ် ဆိုရင် သေနတ် နဲ့ ပစ်တာ လောင် ချာနဲ့ ထုတာ တို့ပါ လုပ်တာပါ။

မေလ ၁၃ ရက်နေ့  မှာ စစ်ကောင်စီ က မင်းတပ် ကို စစ်အုပ်ချုပ်ရေး ကြေငြာ
မင်းတပ် အုပ်ချုပ်ရေး အဖွဲ့ ရဲ့ ပြန်လည်ကြေငြာချက်

စစ်ကောင်စီ တပ်တွေက မင်းတပ် မြို့ထဲကိုလူသား ဒိုင်း တွေ နဲ့ ဝင်လာချိန် မှာပဲ သီတင်း သုံးပတ် ကျော်ကြာ မင်းတပ် မြို့ကို စစ်ကောင်စီ လက် ကနေ ရွပ်ရွပ်ချွံချွံ ကာ ကွယ် ပေးထားတဲ့ ပြည်သူ့ ကာကွယ် ရေး တပ်ဦး က အောင်မြင် စွာ ဆုတ် ခွာနိုင် ခဲ့ပြီး မြို့ထဲ မှာ တော့ ဒေသခံ နှစ်သောင်း လောက် ပိတ် မိနေ ခဲ့တာပါ။

သတင်း ရဲ့ ဒုတိယ ပိုင်း ဓာတ်ပုံတွေ နဲ့ အပြည့် အစုံ ကို နာရီ အနည်း ငယ် အတွင်း မှာ ဆက်လက် ဖော် ပြပါမယ် စောင့် မျှော် ဖတ်ရှု မှု ကို ကျေး ဇူး တင်ပါတယ်။