မြန်မာ စစ်တပ် က အာဏာ သိမ်း တုန်းက ခဏ ရပ်ထားတဲ့ ဆွီဒင် အဝတ် အထည် ကုမ္ပဏီ ကြီး က သူတို့ ရဲ့ အမှာစာ တွေပြန်စ

ဆွီဒင် အခြေစိုက် ပြီး ကမ္ဘာ တဝှမ်း မှာဖြန့် ကျက် လုပ်ဆောင် နေတဲ့ H&M အဝတ် အထည် ကုမ္ပဏီ ကြီးက မြန်မာ နိုင်ငံ က အထည် ချုပ်စက်ရုံ တွေကို သူတို့ ရဲ့ အမှာစာတွေ စတင် ပို့ဆောင် နေပြီ လို့ သိရပါတယ်။

ကမ္ဘာ မှာ နံပါတ် ခြောက် အဆင့် လောက် ရှိတဲ့ အဝတ် အထည် ကုမ္ပဏီ ကြီးက မြန်မာ နိုင်ငံမှာ အလုပ် လက် မဲ့ ဖြစ်နေတဲ့ ပြည်သူတွေ ၀င်ငွေရရှိ စေဖို့ တစ်ဖက် တစ်လမ်း ကကူညီ တာဖြစ် ကြောင်း ရိုက်တာ သတင်း ဌာန ကို ပြောပါတယ်။

စစ်ကောင်စီ က မြန်မာ နိုင်ငံမှာ အာဏာ သိမ်းလိုက် ကတည်း က အထည် ချုပ် စက်ရုံအချို့ ပိတ်သိမ်း ခံပြီး အချို့ စက်ရုံ တွေက မီးလောင် တာတွေ၊ အလုပ် ရှင်က လစာ မပေး ဘဲ ထွက်ပြေး တာတွေ ရှိခဲ့ပါတယ်။

အထည် ချုပ်လုပ်ငန်း က မြန်မာ တစ်မျိုး သားလုံး ထုတ်ကုန် ရဲ့ ၁၀ရာခိုင် နှုန်း ခန့် ရှိပြီး H& M က တစ်လ ကို အမေရိကန် ဒေါ်လာ တစ်သန်း က နေ သုံးသန်း လောက် အထိ ဝယ်ယူမှုရှိပါတယ်။ ပြင်သစ် ရေနံ လုပ်ငန်း ဖြစ်တဲ့ တိုတယ် ဟာ မြန်မာ စစ်ကောင်စီ နဲ့ ဆက်လက် ပြီး စီးပွားရေး လုပ်ငန်း တွေလုပ် နေဆဲ ဖြစိပါတယ်။

H&M ကုမ္ပဏီ ဟာ အမေရိကန် က မြို့ ပေါင်း ၅၀ လောက် မှာ ဆိုင်ခွဲ တွေဖွင့် ထားပြီး တစ်ချို့ ဆိုင် တွေမှာ မြန်မာ ပြည်က ရွှေ့ပြောင်း အခြေစိုက် သူတွေပါ ၀င်ရောက် လုပ်ကိုင် နေပြီး စတိုး ဆိုင် မန်နေဂျာ အဆင့် လောက် ထိ တာဝန် ထမ်း ဆောင် သူ တွေ ရှိနေ ပါတယ်။