ပြည်ပ မှ ငွေလွှဲခြင်း နှင့် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ မှ ဝင်ငွေ မရ တော့ လျှင် တစ်ဒေါ် လာ ကျပ် တစ်သောင်း ခန့် ဖြစ်နိုင်

အမေရိကန် ရောက် မြန်မာ များ က မြန်မာ နိုင်ငံ သို့ လွှဲ ပြောင်း ပေးငွေ တစ်နေ့ လျှင် ပျမ်းမျှ ဒေါ်လာ လေး သိန်း မှ ရ သိန်း ထိ ရှိ သော် လည်း အမေရိကန် ဒေါ်လာ ဈေး ၃၅၀၀ ကျော်ထိ တက်ပြီး နောက် ငွေကြေး လွှဲပြောင်း မှု များ သိသိသာသာ ကျဆင်း ခဲ့ သည်။

၂၀၁၃ ခုနှစ် မှ စ၍ မြန်မာ နိင် ငံ တွင် ငွေလွှဲ လုပ်ငန်း စတင် ဆောင် ရွက် နေသည့် နှစ် ၄၀၀ ကျော် သက်တမ်း ရှိ Western Union

ဟွန်ဒီ မဟုတ် သည့် ငွေကြေး လွှဲပြောင်း မှု များ တွင် ဗဟိုဘဏ် ပေါက်စျေး ၂၁၀၀ ကျပ် ဖြင့် သာ ၀န်ဆောင် မှု ပေး ခြင်း ကြောင့် ပြင်ပ အမှန်တ ကယ် ပေါက်ဈေး နှင့် ၁၅၀၀ ကျပ် ခန့် ကွာဟ နေသည့် အတွက် ကြောင့် အမေရိကန် နှင့် ဥရောပ ရောက် မြန်မာ အချို့ က ငွေ လွှဲပြောင်း လို ကြခြင်း မရှိ တော့ ခြင်း ဖြစ် သည်။

စက်တင်ဘာ လ ဆန်း ပိုင်း က ထောင်နှင့် ချီ သော ပင်လယ်ရေကြောင်း  လုပ်သား အချို့ က ၎င်း တို့ ၏ ငွေကြေး လွှဲပြောင်း မှု များ ကို ဗဟို ဘဏ် နှုန်း ထား ဖြင့် လွှဲပြောင်း ရန် ငြင်း ဆန် လိုက် သည့် အခါ ဗဟိုဘဏ် က ဖြေ လျှော့ ပေး မှု ဖြင့် သင်္ဘော သား တို့ ဈေး ကွက် ပေါက်စျေး နီး ပါး အတိုင်း ရရှိ ခဲ့ ကြသည်။

ပင်လယ်ရေကြောင်း  လုပ်သား များ အပါအဝင် ကမ္ဘာ. နိုင် ငံ အသီးသီး ရောက် မြန်မာ တို့ ၏ ပြည်တွင်း သို့ ငွေ လွှဲပြောင်း ပေးမှုမှာ တစ်နေ့  လျှင် ပျမ်း မျှ ဒေါ်လာ သုံးသန်း ခန့် ရှိ သော် လည်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ၏ ကျပ်ငွေ ၂၁ဝဝ  အမိန့် ကြောင့် ပြည်တွင်း သို့ ငွေ ကြေး လွဲ ပြောင်း မှု များ မှာ သိသိ သာသာ ကျ ဆင်း ခဲ့ သည်။

မြန်မာ နိုင်ငံတွင်း သို့ နိုင်ငံခြား ငွေ စီးဝင် မှု များ အနက် ပြည်ပရောက် မြန်မာ များမှ နေ၍ ပြည်တွင်း သို့ ငွေကြေး လွှဲပြောင်း ပေးမှု ကဏ္ဍ မှာ ၂၀၂၀ ခုနှစ် နောက် ပိုင်း တွင် အထည် ချုပ်လုပ် ငန်း၊ ငါးပုဇွန် ပြည်ပ ပို့ လုပ်ငန်း များ မှ ရသည်. နိုင်ငံခြား ဝင်ငွေ များ ကဲ့ သို့ ပင် အရေး ပါသည့် ကဏ္ဍ တစ်ရပ် ဖြစ် လာသည်။

လက်ရှိ အခြေ အနေ တွင် စစ်ကောင်စီ အတွက် တပ်ပေါက် (ကယ်ပေါက်) မှာ ပြည်ပ ရောက် မြန်မာ များ ၏ လွှဲပြောင်း ငွေ များ နှင့် ရေနုံ နှင့် သဘာဝ ဓာတ်ငွေ့ များ မှ ရသည့် ၀င် ငွေများ သာ ဖြစ်သည်။ ပြည်ပရောက် မြန် မာ များ ၏ ငွေကြေး လွှဲ ပြောင်း မှု နှင့် MOGE စသည့် ရေနံ နှင့် သဘာဝ ဓာတ် ငွေ့ များမှ ရသည်. ၀င် ငွေ များ သာ တစ်လ ခန့် ရပ် တန့်ခဲ့ လျှင် ဈေး ကွက် တွင် မြန်မာ ကျပ် ငွေ သည် အမေရိကန် ဒေါ်လာ နှင့် လဲ လှယ် ရာ တွင် ကျပ် တစ်သောင်း ခန့် ဖြစ် သွား နိုင်သည်။