အမေရိကန် ဒေါ်လာ ဆက်ပြီး တော့ အား ကောင်း

ဗြိတိသျှ ငွေကြေး သမိုင်း တလျှောက် မှာ အဆိုးဆုံး အနေ နဲ့ ဗြိတိသျှ ပေါင် စတားလင်း ဟာ အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာမှာ တစ်ဒေါ် လာ ကို တစ် စတားလင်း ပေါင် နီးပါး နဲ့ ညီမျှ လုမတတ် တန်ဖိုး ထိုးကျ သွား ပါတယ်။

မနှစ် က ဒီလို အချိန်မှာ တောင် တစ် စတားလင်း ပေါင် ကို တဒေါ်လာ ခွဲ နီး ပါး ရှိခဲ့ တာ ပါ။ ၂၀၀ရ ခုနှစ် က ဆို တစ် စတားလင်း ပေါင် ကို နှစ် ဒေါ် လာ ပေါက် ပါတယ်။

မြန်မာ ကျပ်ငွေ ဟာ အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာမှာ တဒေါ် လာ ကို ၃၄၀၀ ကျပ် တဝိုက် မှာ ဖြစ်ပြီး တစ် ပတ် အတွင်း ဒေါ်လာ ဈေး အနည်း ငယ် ဆက် တက် ဖို့ ရှိပါတယ်။

မြန်မာ ငွေကျပ် တန်ဖိုး ဆက်လက် ကျဆင်း ခြင်း တန် . နေ တဲ့ အကြောင်း က တော. သီတင်းကျွတ် ကာလ အကြို မှာ ပြည်ပရောက် မြန်မာ တွေရဲ့ ပြည်တွင်း သို့ ငွေလွှဲ ပြောင်း နှုန်း များ ခြင်း၊ အိမ်ခြံ မြေ စတာတွေ ဝယ်ယူ တဲ့ အချိန် ရောက် တဲ့ အတွက် ကြောင့် လည်း ပြည်ပ က ငွေ ပြည်တွင်း ကို စီးဝင် မှု အများ ဆုံး အချိန် ဖြစ် နေလို့ ပါ။

နောက်တစ် ချက် က တော့ အာဏာ သိမ်း အစိုး ရ က ပြည်ပ က နေ ဒေါ်လာ ငွေ နဲ့ ဝယ်ရ တဲ့ ဆေး နဲ့ ဆေး ပစ္စည်း တွေ ဝယ်ယူ မှု တွေ နဲ့ လယ်ယာ သုံး ပစ္စည်း တွေ ဝယ်ယူ မှု ကို သိသိသာသာ လျော့ လိုက် တယ် လို့ Freedom News Group က သိရပါတယ်။

အကျိုး ဆက် က တော့ အစိုး ရ ဆေး ရုံမှာ ပြည်ပ က မှာ ရတဲ့ ဆေး တွေ ပြတ်လပ် နေပြီး ဥပမာ ကင်ဆာ နဲ့ ပတ်သက် တဲ့ ဆေး တွေ ကို ပြင်ပ ဈေး ကွက် မှာ မဝယ် နိုင် ရင် သေ ဖို့ ပဲ ရှိတော့ တာ ဖြစ် ပါတယ်။