ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)
Young Girls Tattooing For Sexy
ခန္တာကိုယ်ပေါ် တွင်ဆေးအလှခြယ်နေ သည့် မိန်းကလေး တစ်ဦး
မြို့ ပြနေ ဆယ်ကျော်သက် မြန်မ်ာမိန်းကလေးငယ်များ ကြားတွင် ခန္တာကိုယ်ပေါ်၌ ဆေးမှင်
ကြောင်ထိုးခြင်းနှင့်ဆေးမှင်ကြောင်ကဲ့သို့ သောအရုပ်များရေးထိုးခြင်းခောတ်စားလာသည်ဟုသိရသည်။
ထိုကဲ့သို့ ခောတ်စားရခြင်းမှာ နိုင်ငံတကာ ဖျော်ဖြေရေးရုပ်သံလိုင်းများဖြစ်သည့် Fashion TV(FTV) နှင့် MTV ရုပ်သံလိုင်းများကြောင့်ဖြစ်သလို မြန်မာမိန်းကလေးတို့ အကြိုက်ဟောလိဝုဒ် သရုပ်ဆောင်များ ခန္တာကိုယ် ပေါ်ရှိ
တက်တူး အလှကြောင့် ဖြစ်သည် ဟု သိရသည်။
လက်မောင်၊တင်ပါးနှင့် ခြေသလုံးတွင် နှင်းဆီပွင့် နှင့်လှပသော ကနုတ်များပါဝင်သည့်အသက်နှစ်ဆယ်ခန့်အရွယ်ဆေးမှင်ကြောင်ထိုးထားသည့်ဧချိုဆိုသည့်မိန်းကလေးကမူ
“သမီးထိုးထားတာ သင်္ကြန် မတိုင်ခင်တုန်းက သူငယ်ချင်းတွေက အရင်ထိုးတာ နင် သင်္ကြန်မှာတက်တူးပါမှ လန်းမှာ ဒီခောတ်က ဘယ်လောက် စတိုင်ရှိရှိ တက်တူးမပါရင် မလန်းဘူးဆိုလို့ ထိုးလိုက်တာ ဒါပေမယ့် သမီး ကြိုက်တယ် ။လေးနေရာ ထိုးထားတယ် ၊ငါးသောင်းကျော်ကုန်တယ်” ဟု ဧချိုက သူမ၏ အတွေ့ အကြုံကို Freedom News Group သို့ ပြောသည်။
အမျိုးသမီးငယ်များကြားတွင် ဆေးမှင်ကြောင် ထိုးခြင်းမှာ ၁၉၉၈ ခုနှစ်မတိုင်ခင်ကတည်းက ရှိသော်လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင်မူဆယ်ကျော်သက် အမျိုးသမီးများကြား၌ ပို၍ ပေါ်ပြူလာဖြစ်ခဲ့သည်။နာမည်ကျော် အမျိုးသမီး ပေါပ် အဆိုတော် တစ်ဦးက မူ “ဖက်ရှင်တီဗီမှာ လာတဲ့ Body Painting Contest မှာ ဆွဲထားတဲ့ တက်တူးတွေက ကောင်းတယ်လေအဲဒီ ဒီဇိုင်းတွေ ကို သေချာမှတ်ပြီး ပြန်ထိုးခိုင်းထားတာ ”ဟု သူမ ဆေးမှင်ကြောင် ထိုးဖြစ်ပုံအကြောင်း ကို ပြောပြသည်။
နာမည်ရလာသည့် တက်သစ်စမော်ဒယ်(လ)လေး ဂျူးဂျူးကေ၏ Body Art အလှ
မိန်းကလေးအများစုသည် လက်မောင်းနှင့် ရင်သားအထက်ပိုင်းနေရာများတွင် အထိုးများသော်လည်း ပန်ခ် ဂီတ အကျော်အမော်များ ၀တ်ဆင်သည့် စတိုင်လ် ကို လိုက်လံတုပ ထားသည့်မိန်းကလေး အများစုကမူ ၎င်းတို့ စိတ်ကြိုက် ခန္တာကိုယ် နေရာတွင် ထိုးကြသည်။
အမျိုးသမီးငယ်များကြားတွင် ဗန်းစကား ဖြင့် အရင်တုပ်(အရုပ်တင်)သည် ဟုခေါ်သည့်ဆေးမှင်ကြောင် ထိုးခြင်းတွင် တစ်ယောက်ခြင်း ထိုးသလို မိန်းကလေး အုပ်စု နှင့် သမီးရည်းစား ချစ်သူ နှစ်ဦး အတူထိုးခြင်းဟူ ၍ အမျိုးမျိုးရှိသည်။
စိန့် သြဂတ်စတင်းကျောင်းမှ ဆယ်တန်းကျောင်းသူ အိမြတ်ကမူ “ကျောင်းမှ ဆရာမ က ဆေးမှင်ကြောင်
ထိုးရင် ၀ါနင် ပေးမယ် ဆိုလို့ သူမြင်တဲ့နေရာမှ မထိုးရဲ ဘူး နောက်ကျောက တင်ပါးနေရာ မှာထိုးထားတယ်
သမီးတို့ သူငယ်ချင်း ငါးဦး စလုံး ဒီဇိုင်း တစ်မျိုးတည်း ထိုးကြတာ လစ်ဘာတီ ရုပ်တုကြီး ကို မြွေက ခွေ နေတဲ့ ပုံ Prison Break  မှာ ပါလို့သဘောကျလို့ ထိုးထားတာ ဆယ်တန်းပြီးရင် တော့ လက်ချောင်းလေးတွေမှာ ထပ်ထိုးမယ် ”ဟုဆိုသည်။
နိုင်ငံရပ်ခြားရှိ အမျိုးသမီးများကဲ့သို့ ခန္တာကိုယ် တစ်ခုလုံး ဖုံးလွှမ်းသွားအောင် Body Painting လုပ်သည့် မိန်းကလေးများ လည်းရှိသော် လည်း ထိုမိန်းကလေးများမှာ party
နှင့် ဧည့်ခံပွဲများ အတွက် အနည်းဆုံး လေးရက်ခန့် ခံသော တစ်ခါ သုံးဆေးများကို အသုံး
”ပြုကြသည် ဟု သိရသည်။
ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင်များထိုးသည့် မိန်းကလေးများ နှစ်ခြိုက်သည့် လက်ရာ
များကို ဖန်တီးပေးသည့် ဗိုလ်ချုပ်ဈေး ရှိ အလှပြင်ဆိုင် တစ်ခုမှ ဆေးမှင်ကြောင် ထိုးပေးသူ
တစ်ဦးကမူ“ သမီးရည်းစားစုံတွဲ တွေ က နှစ်ယောက်ပေါင်းမှ တစ်ပုံ ဆွဲကြတာများတယ်
နောက်သူ တို့ က လူမမြင်ကွယ်ရာတွေ မှာ သူတို့ ရဲ့ ချစ်သင်္ကေတ အဖြစ်ဆွဲကြတာများ
တယ် ပြတ်သွားပြန် ဖျက်ဖို့ လုပ် နောက် တစ်ယောက်ပြောင်းရင် နောက် တစ်ပုံတင် ဖို့ လုပ်
မလွယ်ဘူး သူတို့ တွေက ”ဟု ဆိုသည်။
နိုင်ငံခြားမှာ တက်တူး ကတလောက်များ နှင့် ဆေးများကို မှာ ယူတင်သွင်းပြီး အပျော်တမ်း
ထိုးလေ့ရှိသူ တစ်ဦးက မူ “ရုပ်ရှင် မင်းသမီး အန်ဂျလီနာဂျိုလီ တို့ မယ်ဂန် ဖောက်စ် တို့ 
ထိုး တာ သဘောကျ လို့ လာထိုးကြတာတဲ့ တချို့ မိဘ မသိအောင် ခိုးပြီးတော့ မတော် နေ
ရာတွေမှာ ထိုးကြတာရှိတယ် ။သူတို့ အချင်းကြားမှာ ပြန်ကြွားတာပေါ့ ၊အခုတော့ တော်
တော် ထိုးပေးရတယ် မင်းမော်ကွန်း တို့ ဝဏ္ဏခွာနီး တို့ တက်တူး ဓာတ်ပုံထွက် လာကတည်း
က ”ဟု သူက မြန်မာ နိုင်ငံတွင် တကျော့ ပြန် ဆေးမှင်ကြောင် ထိုးခြင်းခောတ်စားလာပုံ
ကိုရှင်းပြသည်။
31 thoughts on “ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)”
  1. အေးဗျာ ဘာပြောရမှန်းတောင် မသိတော့ဘူး။
    ထိုးမယ့်ထိုးတော့လဲ သန်းရွှေပုံ ဖင်ုကားမှာ ထိုးပြီး လိုက်ပြပါလား။
    နာမည်ုကီးမှာ ကျိန်းသေတယ်။ သူတို့ စကားနဲ့ ပြောရရင် လန်းရုံမကဘူး လန်ထွက်နေမယ်။
    ဗိုလ်သန်းရွှေလည်း ဘ၀ရှင် မင်ုးတာုးကီး ကနေ ဖင်ုကားရှင် မင်ုးတာုးကီး လို့ ဘွဲ့ ထူးရတာပေါ့ဗျာ။
  2. အဲမိန်ကလေးတွေက
    အ၇ှက်တ၇ားကို
    ပါစပ်ဖျားမှာပဲတင်ထားတာလေ
    ……
    1. U kyi htoo, Are u sure that is , what do u means ? How about u..?
      Do u know what is need to shin and sham..? If u r know really about it , U WILL NOT BE U KYI HTOO,, TODAY. THANK U . PLS SEE UR SELF FIRST.
  3. ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး…ဒါလားမြန်မာမတွေ ကိုယ့်ရုပ်ကိုယ်လဲကြည့်ကြပါအုံး…ကျက်သရေရောရှိသေးရဲ့လားလို့…အတုခိုးတာလဲ ခိုးတာပေါ့…အခုဟာက ဟိုဟာ သာသာဘဲရှိတယ်…
    1. Ko yin, pls better stay in village. U can not even stay in yangon coz ur eyes n mind is not yet level for new new new years. Thank u .
    2. Moe pyay, , if u donot know how to say better keep quite. Because u do not know about fashion n stely. Can u show that , what is myanmar girl? What r the different myanmar girl n others.? Pls open ur mind. pls donot stay in small place and do not see small things… Thank u .
  4. အော်မြန်မာတွေ
    ဆိုတဲ့ နဲ့ အရင်ကဘင်္ရနိုင်ငံက မဆိုယဉ်းကျေးမှုအထွန်းကားဆုံးနိုင်ငံ/ဗုဒ္ဒသာသနာအထွန်းကားဆုံးနိုင်ငံလို့ပြောစမှက်တွင်ခဲ့ ကျ
    တာခုတောမဟုက်ခဲ့ သလိုပါဘဲ။ခုထိုးနေတဲ့ သူတွေထဲမှာကျွန်တော့ညီမ/ဆွေမျိုးတွေသာပါနေရင်လေတွေ့တဲ့ နေရာမှာရိုက်သက်
ုလိုက်တရ်.အင်းလေသူတို့ ကိုတိုင်ကိုကအတုခိုးတာကိုးအစစ်ခိုးတာမှမဟုက်တာကိုး။မြန်မာမလေးတွေဆိုရင်တော့(လုံလုံခြူံခြုံအ
    မလဲဗျာ။.တော်တော်လေးတော့1နဲမိပါတင်္ရ။ဒီလိုကြီးပြောင်းလဲလိမ်မင်္ရလို့ ပေါ့ ။နောက်ဆို၇င်ပူတာကိုအြေုကာင်းပြပြီးတော့အ၀က်
    အစားတောင်မှဝက်ပါတော့မလားမသိဘူးနော်။တော်ကြာပြောကြဦးမင်္ရကျောက်ခေကိကိုဂုဏ်ပြုသောအားဖြငိ့ တို့ ဆိုတာတွေ
    ပါလာလိမ့်မရ်။မြန်မာမလေးတွေမြန်မာုလိလှကြပါစေဗျာ ။ ။
    1. kO YIN.. myanmar girls are pretty or not is ….is not ur business…pls do not see lar…u always see these photo and talk bad.. Why do u see? don’t see lar…… Arr larr mharrrrrrrrrrrrrrrrrrrr… D ko yin ka top … pls do u jobs.. Thank u .
    2. ကိုယ်တော်ဒီမိန်းမတွေအကြောင်းတော်တော်စိတ်ဝင်စားတာပဲ။
      တော်တော်ကြည်ညိုဖို.ကောင်းမယ်.ကိုယ်တော်
  5. အဲဒါ
    မိကောင်း ဖခင်သားသမီး မဟုတ်ဘူး
    မိခင် ဖာခေါင်းသားသမီး
  6. မြန်မာတွေက မဟုတ်တဲ့နေရာမှာဘဲ အတုခိုးတာ ဟုတ်တဲ့နေရာမှာအတုမခိုးဘူး .မြန်မာမိန်းကလေးတွေဖြစ်ပြီး တော်တော်ရင်လေးစရာတွေပါ…ဆင်ခြင်တုံတရား အားကောင်းနိုင်ကြပါစေ။
  7. ဟုတ်တယ်နော်..မြန်မာမိန်းကလေးတွေဖြစ်ပြီး..သောက်ရှက်ကိုမရှိဖူး..ကိုယ့်နှမ.အမတွေသာထိုးတာမိလို့ ကတော့ဒါးနဲ့ ခုတ်
    ပစ်မယ်…နှိုင်ငံခြားကိုအတုယူတာလွန်နေပြီ..ကြာရင်ဟိုဟာတွေလုပ်ဖို့ ပဲရှိတော့တယ်..ယိုးဒယားပြည်လိုလေ…
    1. မြန်မာပြည်မှာသန်းရွှေတက်မှ ယိုးဒယားပြည်တောင် အဆင့်တက်သွားပြီ၊ သန်းရွှေကိုတပည့်မွေး မြန်မာနိုင်ငံကဖာတွေ ဈေးပေါပေါနဲ့တင်သွင်းပြီး ဖာခေါင်းပဲလုပ်စားတော့တယ်။ တို့မြန်မာတွေ အဖြစ်ကဆိုးပါတယ်။ ရာဇပလ္လင် ခွေးတက်လို့ အမျိုးပါပျက်နေပြီ။
  8. ဟုတ်ပါတယ် သနပ်ခါး ပါးကွက်ကြားလိမ်းတာက မြန်မာ့ဓလေ့ပါ ။ ဒါကိုလဲ ထိန်းသိမ်းသင့်တာပေါ့ ။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကိုလည်း မျက်ခြေပျက်လို့ မဖြစ်ဘူးလေ ။ ဘာပဲ ဖြစ်ဖြစ် ကြည့်သောသူ၏ မျက်လုံးပေါ်သာ မူတည်ပါတယ် ။ ဒါဟာ အနုပညာတစ်ရပ်ပါ ။ အနုပညာကို အနုပညာလို့ မခံစားပဲ တစ်မျိုးတွေးတယ် ဆိုရင်တော့ ဘယ်တတ်နိင်ပါ့မလဲ ။ အသစ်တွေကို လက်ခံစေချင်ပါတယ် ။ အဟောင်းတွေကိုဘဲ တမ်းတမ်းဆွဲ မဖြစ်စေချင်ပါဘူး ။ ဒီလို လက်ခံခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာပေါ်ပေါက်လာမှာပါ ။ သင် မနက်မိုးလင်းတဲ့ အခါ သင့်အိမ် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ ။ လေကောင်းလေသန့်တွေနဲ့ အတူတူ ဖုန်မှုန့်တွေလည်းဝင်လာမှာ အမှန်မလွဲပါဘဲ ။ ဒါကြောင့် အရာအားလုံးဟာ သင့်အပေါ်သာ မူတည်ပါတယ် ။
    1. Freedom is means freedom. Going to be bad or good is depen on u only. If u do like , u can do it. If u do not just keep quite pls…. This is 2010 n going to be 3000…so just think it. pls do not try to go back king min tong years.. Thank u . Pls open ur eyes.
  9. အမလေး…ကြားရတာရင်လေးတယ်…..မိဘတွေကတော့သိမှာမဟုတ်ဘူး….ကိုယ့်အသားကိုအနာခံပီးလုပ်တာ…လှ လာတာလည်းမဟုတ်ဘူး…သူတို့မျက်စိထဲမှာသာလှတာ…သူများတွေသူတို့နောက်ကွယ်မှာနှာခေါင်းရှုံ့နေတာသိမှာမဟုတ်ဘူး
    မိကောင်းဖခင်သားသမီး…မြန်မာအမျိုးသမီးဆိုရင်ဒီလိုလုပ်မှာမဟုတ်ဘူး…ဒီပုံအတိုင်းဆိုရင်တော့ မြန်မာပြည်ကြီး ဒီမိုကရေစီ ရပီးသွားရင်…လူတွေရဲ့ကိုယ်ပေါ်မှာအကျီင်္တောင်ကျန်မှာမဟုတ်တော့ဘူး….လွတ်လပ်သွားပီဆိုပီးတော့…..သူတို့အကြိုက်ပေါ့…ဟုတ်ဘူးလား
  10. အေးဗျာ မိန်ကလေးတွေ အဲသလိုဖြစ်တာ မကောင်းဘူးဗျာ ကျွန်တော်တို့တွေ တခြား နိုင်ငံခြားက ကောင်မတွေ ဘယ်လိုဖြစ်ဖြစ်ဗျာ ခဏတာ ကြည့် တော်တော် ကောင်းတယ် ဒါပေမယ့်ရင်ပူတယ် ကျွန်တော်တို့ မြန်မာမိန်ကလေးတွေကြည့်ကြည့် သနပ်ခါးလေး ပါကွက်ကြားခပ်ပါးပါးလေးလိမ်းထားတာ ဘယ်လောက်ရင်ထဲအေးသွားသလဲ အဲဒီအလေ့တွေပျောက်သွားမှာတောင် စိုးရိမ်မိပါတယ်ဗျာ မြန်မာမိန်းမတွေ ဖာဖြစ်ဖို့နီးလာတာလားအောက်မေ့မိတယ် တော်တော်ရင်လေးစရာတွေပါ မြန်မာမိန်းကလေးတွေက အားကျသင့်တာကိုမကျပဲ အားမကျသင့်တာကိုအားကျနေမိတာ အသိညဏ်တွေ နိမ့်ကျနေတယ်လို့ ထင်မိပါတယ်ဗျာ
    1. Hello..Ba Ba,, u means, myanmar girls r going to be chicken,coz of this tattoo, right..? its means that in myanmar do not ve chicken now…? do u think , myanmar chicken do not ve in myanmar..? Pls lar,,,don’t be stupid narrow mind. Don’t u ever been to seen the myanmar chicken..? pls Take note,,,, Every where, every country ve chicken…. OK,,, pls don’t say stupid things…If u do like to do , u just do it. if u donot like to do, just keep quite…ok. Don’t say stupid things to other people. Thank u.
  11. မြန်မာတွေက မဟုတ်တဲ့နေရာမှာဘဲ အတုခိုးတာမြန်တာလေ
    ဒါကြောင့် စစ်အစိုးရ အကြိုက် ဖြစ်နေတာပေါ့
    စိတ်ဓါတ် မမြင့်လေ ခွေးတွေက ကြိုက်လေဘဲလေ
  12. ဒီမိုကရေစီ ဆိုတာ ဘာလဲ ဆိုတာ သေချာစဉ်းစားကြပါဗျို့ ။ သူ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ သူလုပ်တာကို ဝေဖန်နေတဲ့ လူတွေက လူ့အခွင့်အရေးဆိုတာ ဘာလဲ နားမလည်ဘူးနဲ့တူတယ် ။ သြော် ကိုယ့်ထမင်းကိုစားပြီး ကြီးတော် နွားကျောင်း ဆိုတာ ဒါမျိုးထင်သပ ။ သနားဖို့ ကောင်းလိုက်တာ ။ ဗြဲ ဟဲ ဟဲ …….
  13. အဲဒါဗမာပဲလေ….အဲဒါကြောင့်လည်းခုချိန်ထိ..ဘယ်နေရာသွားသွားနေရာမရဘဲ..ခွေးဝဲစားကျဉ်ခံရသလိုအထင်သေးခံရတာ..လုပ်ပေါ့ကွာ
  14. ငါလည်း ထိုးပေးချင်တယ်
    ဟိုနေရာကို ဟီးဟီး
  15. ဒီသတင်း အရေးအသား မျိုးတွေတင်တာ လူငယ်တွေ အတွေမှားတာကို မသိမသာ မြှောက်ပေး အားပေးတာနဲ့တူပါတယ်။ အနုပညာဆိုရင်လည်း လူ့အဖွဲ့အစည်းအတွက် မလိုအပ်တဲ့ အကျိုးမဲ့ အမှိုက်သရိုက် အနုပညာပဲ။ လူငယ်တွေ အသိဉာဏ် ဆင်ခြင်တုံတရား အားကောင်းအောင် ကြိုးစားပြီး မသိစိတ်ကို အသိစိတ်ကနိုင်လို့ လူ ပိုပီသနိုင်ကြပါစေ။
  16. မြန်မာမိန်ခလေးဖြစိပြီးတော့ ကို့ ဘာသာ။သာသနာနဲ့ ကို့ အမျိုးသိခ္ခာမပြောနဲ့ ကို ယ့် သိခ္ခာတောင်ကိုယ်မထိန်းတဲ့ သူတွေ။ဗိုလ်ချုပ်ပြောသလို
    ပေါ့ြ့ကာရင်တော့(…နိုင်ငံဖြစ်တော့ မှာဘဲနော်)။ ။
    1. Ko yin…. why do u see this..? i know u will see this phot every day n night. Than u talk bad but u see everyday. u think , i do not know. So poor ko yin.. ha h ah ah a a a a…pls lar,,,, GOOD MIND , GOOD FIND. DO U KNOW WHAT IS BUDDHA SAY….?
      THANK U ..
    2. ရှင်နေပါန ခင်ဗျား ဓမျွပထာလေးတပိုဒ်လက်ဆောင်ပါးလိုက်တယ်
      သူတပါး၏မ လျော်သောအမှုကိုမကြည်.ရှုရာ။သူတပါး၏ကောင်မှု မကောင်းမှု ပြုမပြုကိုလည်းမကြည်.ရှုရာ။မိမိ၏ကောင်းမှုမကောင်းမှုပြုမပြုကိုသာကြည်.ရှုရာ၏လို.ဘုရားရှင်ကဆုံးမထားပါတယ်
      ဝိနည်းတော်နှင်.မအပ်စပ်သောမြင်ကွင်းမျိုးနှလုံးမသွင်းမိစေဖို.သတိပေးလိုက်ပါသည်ခင်ဗျား
Comments are closed.