ကြီးထွား လာ တဲ့ လင်တု ၊ မယား တု ဈေး ကွက်

အမေရိကန် ဒေါ်လာ ငါးသောင်း လောက် လက်ထဲ မှာ ရှိ ပြီ ဆို ရင် အမေရိကန် ပြည်ထောင်စု မှာ တရား ၀င် အခြေချ နိုင် တဲ့ အခွင့် အလမ်း တွေ ရှိ နေ ပြီလို့ 
မြန်မာ နဲ့  အမေရိကန် ကို ကုန်စည်ကူးသန်း နေ တဲ့ အသိုင်းအ၀ိုင်း တွေ က ပြော ဆိုကြ ပါတယ်။

 
ဒီဈေးကွက် ဟာ အခု မှာ ဖြစ်ထွန်း လာ တာ မဟုတ်ဘဲ လွန် ခဲ့ တဲ့ ငါးနှစ်
လောက် ကတည်း က ရှိ နေတာ ဖြစ်ပြီး မနှစ် က ပိုလို့  ကြီးမား လာတဲ့ ဈေး ကွက် ကြီး ဖြစ်လာ က သမ္မတ ထရမ့် ရဲ့  အုပ် ချုပ် ရေး လက် ထက် မှာ
တော့ ဈေးကွက် ခောတ် ဦး စ က ပေါက် ဈေး ဖြစ် ထက် နှစ်ဆ ခန့်  ခုန် တက် သွား ကာ ရံဖန် ရံခါ မှာ ဒေါ်လာ ခုနှစ်သောင်း အထိ တောင် ဈေး
ပေါက် တယ် လို့  ပြော ပါတယ်။
 
အမေရိကန် ပြည်ထောင်စု မှာ အခြေစိုက် ချင် သူ များ ဟာ ဒီမှာ တရားဝင် နေ ထိုင် ခွင့် ရရှိ သူ တွေ နဲ့  လင်- မယား ဇနီး မောင်နှံ အဖြစ် တရားဝင် လက်ထပ် ထိမ်မြား ယူကာ အမေရိကန် ပြည်ထောင်စု ကို ပြောင်းရွှေ့  လာ
ကြတာ ဖြစ်ပါတယ်။
 
မြန်မာ နိုင်ငံ က နေ အမေရိကန် မှာ နေ ထိုင် ချင် လို့  ခု လို ငွေကုန် ကြေးကျ ခံ ပြီး လင်မယား အတု နဲ့  လာရောက် ကြတာ အမျိုး သမီး အများ စု
ဖြစ် ပြီး သူတို့  က သူတို့  ကို လာရောက် ခေါ် နိုင် မယ့် အမေရိကန် က အမျိုးသား တွေ ကို အင်တာနက် ကနေ တစ်ဆင့် ဖြစ်ဖြစ် ၊ အသိမိတ် ဆွေ အဆက် အသွယ် တွေ က နေ တစ်ဆင့် ဖြစ်ဖြစ် ရှာဖွေကြတာ ဖြစ်ပါတယ်။
 
တစ်ချို့  ကတော့ အချိန် ကာ လ တစ်ခု အထိ လင် မယား အဖြစ် နေ ထိုင်
ကြ ပြီး နောက်တော့ လမ်းခွဲ လိုက်ကြ တာ က အများစု ပါ။ အနည်းစု က တော့ တရား ၀င် လင် မယား အဖြစ် ဆက်လက် ပေါင်းသင်းကြ ပြီး တစ်ချို့  လည်း ဒုက္ခတွေ ပင်လယ်ဝေ ပြီး မြန်မာ ပြည် ကို ပြန်သွား ကြ တာ တွေ ရှိ ပါတယ်။
 
မကြာခင် က မှ ရန်ကုန် မြို့  မှာ ပဲ ပြန် လည် နေ ထိုင် ဖို့  ဆုံး ဖြတ် လိုက် တဲ့ အမျိုး သမီး တစ်ဦး ကတော့ ကျွန် မ ၂၀၁၃ ခုနှစ် က အမေရိကန် ရောက် တော့ ဒေါ်လာ သုံးသောင်း ကို ကျွန်မ ကို လက်ထပ် သူ ကို ပေး ရတယ်။ နောက် ထပ် ဒေါ်လာ တစ်သောင်း လောက် လေယာဉ် ခ ခရီးစရိတ် စတာ တွေ ထပ် ကုန်တယ်။ ဒီရောက် တော့ ကျွန်မ လင် အတု က အရက် သမား ၊ အလုပ် ကောင်းကောင်း မလုပ် ဘူး ၊ ကျွန် မ ဆီ က ပိုက်ဆံ ထပ်ထပ် တောင်း နေ လို့  နောက် ထပ် ဒေါ်လာ တစ်သောင်း ကျော်လောက် ထပ် ကုန် သွား တယ်၊ အမေရိကန် အလုပ် လုပ် လို့  ရတာ လည်း အိမ်လခ ၊ လစဉ် စရိတ် တွေ နဲ့  ဘာမှ မစု မိ ဘူး နောက်ဆုံး တော့ ရန်ကုန် ပြန် တော့ မယ် လို့  ပဲ ဆုံး ဖြတ် ပြီး ပြန် ဖြစ်တာ လို့  ပြောပါတယ်။
 
ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီ မြို့  မှာ အခြေ စိုက် တဲ့ မ နှင်းဆီ (နာမည်ရင်း မဟုတ်ပါ) ကတော့ ကျွန်မ အမေရိကန် ကို ၂၀၁၅ မှာ ရောက် တယ် အခု လက်ရှိ ကျွန် မ ယောင်္ကျား ကို အဲဒီတုန်းက ဒေါ်လာ လေးသောင်းကျော် ပေးရတယ်။ ဒီကို ရောက်တော့ သူက ပဲ အလုပ် ရှာ ပေး တယ်။ နောက်တာ့ သူ နဲ့  ကျွန် မ ချစ် သွား ကြတယ်။ သူ က ဘွဲ့  ရ ပြီး အလုပ် ကောင်း
ရတော့ ကျွန်မ ကို အလုပ် က ထွက်ခိုင်း ပြီး သူ ပြန် ပြီး တော့ ရှာကြွေး မယ်
ပြော တယ်။ ကျွန်မ ကို လမ်းမခွဲ ချင် ဘူး လို့  ပြောတဲ့ အခါ ကျွန် မ လက်ခံ လိုက်တယ်။
 
ကျွန်မ သူ့  ကို ချစ်တယ် အခုတော့ လင်မယား အတု မဟုတ်တော့ ဘူး၊ လမ်းခွဲ ဖို့  လည်း အစီအစဉ် မရှိ တော့ ဘူး လို့  ဆိုပါတယ်။
 
မနှင်းဆီ လို ပဲ အချို့  မိန်း က လေး တွေ ဟာ ကံကောင်းတတ် ကြ ပြီး တစ်ချို့  လဲ အလုပ်ကောင်း အကိုင် ကောင်း တွေ ရ ကြ ကာ သူ တို့  ရင်းနှီး မြုပ်
နှံ ထား တာ ကို တစ်နှစ် ကျော် လောက် မှာ အသာ လေး ပြန် ကာမိ နိုင် တယ် လို့  ပြောပါတယ်။
 
သမ္မတ ထရမ့် လက်ထက် ရောက် တဲ့ အခါ ဒုက္ခသည် ခေါ်ယူ မှု တွေ လျှော့ ချ လိုက် တာ ရော ၊ နောက် တော့ မြန်မာ နိုင်ငံ ကို ပိတ် ဆို့  အရေး ယူ ဖို့  တွေ အသံ ထွက် လာ ပြီး နောက် မှာ တော့ လင် တု မယား တု ပေါက်ဈေးဟာ ဒေါ်လာ ခုနှစ်သောင်း လောက် ထိ ခုန် တက် သွား တယ် လို့  ဆို ပါတယ်။
 
ယခင် ဟွန်ဒီ လို့  ခေါ် တဲ့ ငွေ လွှဲ လုပ်ငန်း လုပ်ကိုင်သူ နဲ့  အခုတော့ ရန်ကုန် နဲ့  အမေရိကန် ကို ကုန်ပစ္စည်း ပို့  ဆောင်သူ တစ်ဦး က ကျွန်တော့်ဆီ မှာ လာ ချင် လို့  စာရင်း ပေး ထာ တဲ့ အမျိုးသမီး တွေ ငါးဆယ် ကျော် လောက် ရှိတယ် တစ်ချို့  က ဒီ (အမေရိကန်) က ယုံကြည် စိတ် ချ ရ ပြီး အသောက် အစား လောင်း ကစား မလုပ် သူ ဆို ရင် ဒေါ်လာ ရှစ်သောင်း လောက် ထိ တောင် ပေး ဖို့  ၀န်မလေး ကြ ဖူး လို့  ပြောပါတယ်။
 
ပြီး ခဲ့ တဲ့ ၂၀၁၆ ခုနှစ် မှာ တော့ မြန်မာ နိုင်ငံ က နေ အမျိုးသမီး အမျိုးသား
လေးထောင် ကျော် လောက် ဟာ ဒီလို လင်မယား အတု လုပ်တန်း နဲ့  အမေရိကန် ကို လာ ရောက် အခြေစိုက် ခဲ့ ကြ ပါတယ်။