မကြာခင် ပြိုလဲ တော့ မယ့် ရေဆူ မှတ် ရောက် မြန်မာ ကျပ်ငွေ

မြန်မာ ကျပ်ငွေ နဲ့ မြန်မာ့ ငွေကြေး ဈေးကွက် ဟာ စိုးရိမ် ရေမှတ် ကို ရောက်ရှိနေပြီ လအနည်း ငယ် အတွင်း မှာ မြန်မာ ကျပ်ငွေ ဟာ လုံးဝ ဥဿုံ ပြိုလဲ သွားနိုင်တဲ့ အနေအထား ရှိနေပါတယ်။

မြန်မာပြည်တွင်း ကကျွမ်းကျင် တဲ့ ငွေကြေး စျေးကွက် တွက်ချက် သူ တွေအဆိုအရ တစ်ဒေါ်လာ ကို လာမယ့် လအနည်း ငယ် အတွင်း မှာ ကျပ် တသောင်း ခန့် အထိတောင် ပေါက်စျေး ရှိမယ် လို့ ခန့်မှန်း ကြပါတယ်။

ပြည်တွင်း ထုတ်ကုန် တွေ နိုင်ငံခြား တင်ပို့မှု ထိုးကျ သွားတာ ရယ်၊ ပြည်တွင်းက နိုင်ငံခြား ငွေ ပြည်ပကို အကြောင်း အမျိုးမျိုး နဲ့ စီးထွက် မှု များနေ တာရယ်၊ နိုင်ငံခြား ငွေရမယ့် လမ်းကြောင်း တွေဖြစ်တဲ့ ကမ္ဘာ လှည့် ခရီး သွားနဲ့ ဟိုတယ်လုပ်ငန်း၊ ပြည်ပ ကုမ္ပဏီ ကြီး တွေရဲ့ ရင်း နှီးမြုပ်နှံ မှု ရပ်သိမ်း မှုတွေ ကြောင့် မြန်မာ တန် ငွေတန်ဖိုး ဟာ အဆမတန် ထိုးကျ သွားတာ ဖြစ်ပါတယ်။

ငွေကြေး ဆိုင်ရာ စီမံခန့် ခွဲမှု သီအိုရီ အရတော့ ငွေကြေး ရဲ့ တန်ဖိုး ဟာ ရက်ပေါင်း ၃၀ အတွင်း မှာ ၁၀၀ ရာခိုင် နှုန်း ထိုးကျ ခဲ့ရင် ၊ တစ်နှစ် အတွင်း မှာ ဆက်တိုက် ကျ ဆင်း နေရင် ငွေကြေး ရဲ့ တန်ဖိုး နဲ့ ငွေကြေး ဈေးကွက် ဟာ ပြိုလဲ သွားတာ ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းစစ် သဖွယ် မတည်ငြိမ် တဲ့ နိုင်ငံရေး အခြေအနေ ကြောင့် ကျပ် ငွေ တန်ဖိုး ဟာ ဆက်တိုက် ကျဆင်း နေအုံး မှာ ဖြစ်ပါတယ်။

လက်ရှိ အတိုင်း ဆက် တိုက် ကျ ဆင်း နေရင် ကျပ်ငွေကို လုံး၀ အယုံ အကြည် မဲ့ မှုဟာ မကြာ ခင် ပေါ်ပေါက် လာမှာ ဖြစ်ပြီး အဲဒီအခါ မှာ မြန်မာ ကျပ်ငွဟာ လုံး၀ တန်ဖိုး မဲ့ တဲ့ အနေ အထား ကို ရောက် ရှိသွားမှာ ဖြစ်ပါတယ်။

ငွေကြေး ဈေးကွက် ပြိုလဲခြင်း ရဲ့ ကျွဲ ကူး ရေပါအကျိုး ဆက်တွေက တော့ မည် သို့သော အစိုးရမဆို ပြိုလဲခြင်း၊ လူမှု ရေး စီးပွား ရေး ကသောင်း ကနင်း ဖြစ်ခြင်း၊ အလုပ်လက် မဲ့ များခြင်း၊ အငတ်ဘေး နဲ့ ရာဇဝတ် မှု တွေ များ လာ တာတို့ ဖြစ်ပါတယ်။

FNG ရဲ့ စီပွားရေး ကဏ္ဍ ကျွမ်းကျင် သူ တွေက တင်ဆက် ထားတာ ဖြစ်ပါတယ်။