ပြည်ပရောက် မြန်မာ များ ပြည်တွင်း သို့ ပြန်လွှဲ ငွေ စက်တင်ဘာ လ မှာ စံချိန်သစ် တင်

ပြည်ပ နိုင်ငံ များသို့ အလုပ်ထွက်လုပ် သူများ၊ အကြောင်း အမျိုးမျိုး ကြောင့် ရောက် ရှိနေသူ များ က မြန်မာ ပြည်တွင်း သို့ ပြန်လည် ၍ ငွေ လွှဲ ပြောင်း ပေး မှု များမှာ စက်တင်ဘာ လ တွင် ဒေါ်လာ သန်း ၂ဝဝ ကျော်ခန်. ဖြင့် စံချိန် သစ် တင် သည် ဟု ရန်ကုန် ဘဏ်ရပ် ဝန်း ကို ကိုးကား ပြီး Freedom News Group မှ သိရသည်။

နှစ်စဉ် နှစ်တိုင်း သီတင်း ကျွတ်ကာ လ အကြိုတွင် ပြည်ပရောက် မြန်မာ တို့ ၏ ပြည်တွင်း သို့ ငွေ လွှဲ ပြောင်း မှု များ သိသိသာသာ မြင့် တက် သော်လည်း ယခုနှစ် တွင် ဒေါ်လာ ဈေး တစ်ချိန် ငွေလွဲ မှု များလာခြင်း နှင်. အိမ်ခြံ မြေ ၀ယ်ယူရန် တစ်လုံး တစ်ခဲ တည်း လွှဲ ပြောင်း မှု များကြောင့် မြန်မာ နိုင်ငံ တွင်း သို့ ငွေ အဝင် များ လာခြင်း ဖြစ်သည်။

Western Union ငွေကြေး လုပ်ငန်း နှင်. အပြိုင် ဝန်ဆောင် ခ လျော့ ယူ သည့် အခြား ငွေလွှဲ ပြောင်း ဝန်ဆောင် မှု များ ပေါ်လာခြင်း၊ လွှဲခ ပင် မယူ သည့် ဟွန်ဒီ များ ကြောင့် ပြည်ပ ရောက် မြန်မာ များ ၏ ပြည်တွင်း သို့ ငွေလွှဲ ပြောင်း မှု မြင့် တက် လာခြင်း ဖြစ်သည်။

ဒေါ်လာ ဈေး တက်ရင် ငွေလွှဲ သူတွေ ပိုများ လာတယ် ဒါသီဝရီ ပဲလို့ ငွေကြေး ဈေးကွက် တွင် လုပ်ကိုင် နေသူက Freedom News Group အား ပြောသည်။

ပြည်ပ မှ ငွေလွဲ များလာခြင်း နိုင်ငံခြား ငွေနှင့် ဝယ်ရ သည့် ပစ္စည်း များ တင်သွင်း ခွင့် ရပ်တန်. လိုက်ခြင်း စသည် တို့ ကြောင့် အမေရိကန် ဒေါ်လာ ဈေး သည် မြန်မာ ကျပ်ငွေ နှင့် လဲလှယ် ရာတွင် တစ်ဒေါ် လာ လျှင် ၂၅၀၀ ကျပ် အထိ ကျ ဆင်း သွားသည်။

၂၀၁၄ ခုနှစ် မှ ယနေ့ ထိ ပြည်ပ ရောက်မြန် မာ များ ၏ တရား ဝင် လွဲပြောင်း ပေး ငွေ မှာ အမေရိကန် ဒေါ်လာ ခြောက် ဘီလျံ ကျော် ခန်. ရှိသည် ဟု သိရသည်။

စစ်တပ် မှ အာဏာ သိမ်းပြီး နောက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင် သူ ဦးရေ များ လာခြင်း ၊တတိယ နိုင်ငံ များ တွင် ခိုလှုံ သူ များ လာခြင်း တို့ က မြန်မာ ပြည်တွင်း သို့ ဒေါ်လာငွေ ပိုမို စီးဝင် စေရန် အကြောင်း ကံ သင့် လာခြင်း ပင် ဖြစ်သည်။

စစ်တပ်မှာ အာဏာ မသိမ်း ခင်က ပြည်ပရောက် မြန်မာ များ ပြည်တွင်း သို့ ပြန်လွှဲ ငွေ ပမာဏ အမြင့် ဆုံး မှာ တစ်လ လျှင် ဒေါ်လာ သန်း ၁၀၀ ကျော် မျှ လောက် သာ ရှိခဲ့ သည်။