အရောင်း မှာ တစ်ဒေါ်လာ ကို ကျပ် သုံး ထောင် နီးပါး ပြန်ရောက်

ငွေလဲ ကောင်တာ များ နှင့် ၀ယ်ရောင်း အချို့ က တစ် ဒေါ် လာကို ၂၅၀၀ နှင့် ၂၆၀၀ ကျပ်ကြား ကောက် သော်လည်း ပြန်လည် ရောင်းချရာ တွင် ယနေ့ အောက်တို ဘာလ ၂ ရက် နေ့ ဉ် သုံးထောင် ကျပ် ဖြင့် ပြန်လည် ရောင်း ချသည် ဟု Freedom News Group မှ သိရှိ ရသည်။

စက်တင်ဘာလ ဆန်း တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်အထိ တက်ခဲ့ ပြီး နောက် တဖြည်းဖြည်း ပြန်လည် ကျဆင်း လာ ရာ ၂၆၀၀ ကျပ် အထိ ဖြစ်ခဲ့ သည်။

အောက်တိုဘာလ ၂ ရက် နေ့ တွင် မူ ဝယ်ဈေး ၂၆၀၀ ကျပ် တဝိုက် ဖြစ် သော် လည်း ပြန်လည် ရောင်း ချ ရာ တွင် ၂၉၀၀ နှင့် ၃၀၀၀ ကျပ် ကြား တွင် ရောင်း ချ သည် ဟု သိရသည်။

အပ် က အစ မီးစက် အဆုံး ပြည်ပ မှ မှာယူ တင်သွင်း နေရသည့် နိုင်ငံတွင် ဒေါ် လာနှင့် အခြား နိုင်ငံ ခြား ငွေ လိုအပ် ချက် မှာ ကြီးမား နေ အုံး မည် ဖြစ်သည်။