ငုပ်မိ သဲတိုင်၊ တက် နိုင် ဖျား ရောက်

အမေရိကန် ရုပ်ရှင် မင်းသား ကြီး မော်ဂန် ဖရီးမန်း နဲ့ အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကို ဖွင့်လှစ် ပေး ခဲ့ သူ အသက် ၂၀ အရွယ် ကာတာ နိုင်ငံ သား ဂန်းနင် အယ်(လ) မွ ဖ် တာ ဟာ မွေးလာ ကတည်း က Caudal Regression Syndrome ကြောင့် ခန္တာ ကိုယ် အောက်ပိုင်း ကို စွန့် လွှတ် ခဲ့ ရပါတယ်။

သမားတော် တွေ က အသက် ၁၅ နှစ် လောက် ပဲ နေရ မယ် လို့ ခန့် မှန်း ခဲ့ ကြ ပေမယ့် ရေခဲခြစ် ရောင်း၊ ဘောလုံး ကစား စတဲ့ ဘ၀ ကို အရှုံး မပေး တဲ့ စိတ် ဆန္ဒ ဇွဲ ကြောင့် သူ ရဲ့ ယူတု ရုပ်သံလိုင်း ဆို တစ် ကမ္ဘာ လုံး က နေ အားပေး ကြတာပါ။

၂၀၂၂ ကာတာ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ဖွင့်လှစ် ပွဲ မှ ဖျော်ဖြေ မှု တစ်ခု

အိုလံပစ် ပွဲ ပုံစံ လို ငွေကုန်ကြေးကျ ခံ ပြီး ခန်းခန်း နားနား ဖွင့် လှစ် တဲ့ ကာတာ ကမ္ဘာ့ ဖလား ပွဲ မှာ အလ် မွဖ် တာ ဟာ မစ္စတာ ဖရီးမန်း နဲ့ တွဲပြီး တကမ္ဘာ လုံး က အသား အရာင် ကွဲပြား သူတွေ၊ ကိုယ်လက် အင်္ဂါ မပြည့် စုံသူ တွေ ရဲ့ ကိုယ်စား သူတို့ ရဲ့ အသံ ကို တစ် ကမ္ဘာ လုံး ကို ကျယ်ကျယ် လောင် လောင် ဟစ် ကြွေး နိုင် ခဲ့ ပါတယ်။

ကမ္ဘာ. ဖလား ဖွင်းပွဲ ကို အိုလံပစ် ပွဲ တွေ၊ ဖျော်ဖြေ ရေး ပွဲ စဉ် တွေ ကို တာဝန် ယူ စီစဉ် ခဲ့ တဲ့ အီတလီ နိင်ငံ သား Marco Balich က တာဝန် ယူ ခဲ့ ပါတယ်။

မြန်မာ နိုင် ငံ ကို လာရောက် လည်ပတ် ဖူး သူ ကိုရီးယား BTS အဖွဲ့ က Jung Kook က လည်း Dreamers ဆိုတဲ့ သီချင်း ကို ကာတာ အဆို တော် တွေနဲ့ တွဲဖက် ပြီး သီဆို ခဲ့ ပါတယ်။